နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီ မထွက်ခွာရန်၊ ဘာစီဥက္ကဋ္ဌ ထွက်ခွာရန် ရိုဆာရီယိုမြို့သားများ တောင်းဆို

ဩဂုတ်  ၃၁


ယခုတလော အားကစားသတင်းလောကမှာတော့ မက်ဆီရဲ့သတင်းတွေက လွှမ်းမိုးလျက်ရှိပါတယ်။ မက်ဆီဟာ ဘာစီဘုတ်အဖွဲ့ထံ အသင်းကနေထွက်ခွာခွင့်တောင်းဆိုပြီးချိန်မှာပဲ မက်ဆီအသင်းကနေ မထွက်ခွာရေး ဘာစီရဲ့ပရိသတ်တွေက ဆန္ဒပြတောင်းဆိုမှုတွေလုပ်လာပါတယ်။ 

ရိုဆာရီယိုမြို့သားများက အသင်းမှ မက်ဆီမထွက်ခွာရန်နဲ့ ဥက္ကဋ္ဌ ဘာတိုမြူထွက်ခွာပေးရန်တို့ကို တောင်းဆိုလာကြပါတယ်။  ဘာစီဥက္ကဋ္ဌ၊ အသက် ၅၇ နှစ်ရှိ ဘာတိုမြူကလည်း မက်ဆီနဲ့ ပြေလည်မှုရရန် ကြိုးစားလျက်ရှိပါတယ်။


ဒါပေမယ့် မက်ဆီကတော့ ဥက္ကဋ္ဌကိုလျစ်လျူရှုခဲ့ပါတယ်။ နောက်ဆုံး ဥက္ကဋ္ဌကိုယ်တိုင်က ဘာစီမှထွက်ခွာမယ့် မက်ဆီရဲ့ ဆုံးဖြတ်ချက်ပြန်ပြင်မယ်ဆိုရင် ဘာတိုမြူကိုယ်တိုင်နှုတ်ထွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ ကြားသိရပါတယ်။  မက်ဆီဟာ ဘာစီလိုနာမှာ တစ်နှစ်လုပ်ခလစာသက်သက် ပေါင် ၆၄ သန်း ရရှိနေပြီး မန်စီးတီးကတော့ မက်ဆီပြောင်းလာမယ်ဆိုရင်  တစ်နှစ်လစာပေါင် ၉၅ သန်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုပေးမယ်လို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အချို့သတင်းဌာနတွေက မက်ဆီဟာ မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ  သဘောတူညီမှုရရှိထားပြီးပြီလို့ ဖော်ပြနေကြပါတယ်။


ယခုအချိန်မှာ မက်ဆီရဲ့ မွေးရပ်မြေ ရိုဆာရီယိုမြို့သားများက မက်ဆီအသင်းကနေမထွက်ခွာဖို့ စီတန်းလှည့်လည် တောင်းဆိုလျက်ရှိကြောင်းသိရှိပါတယ်။  မက်ဆီဟာ ၁၉၉၄ မှ ၂၀၀၀ ပြည့်နှစ်ထိ မြို့ခံ နယူးဝဲလ်အိုးဘွိုင်းကလပ်မှာ ကစားခဲ့ပါတယ်။  ဒါကြောင့်လည်း မြို့သူမြို့သားတွေက မက်ဆီကိုချစ်ခင်ကြ တာပါ။ တစ်ချိန်တည်းမှာပဲ မက်ဆီရဲ့ ကစားဖော်ဟောင်း PSG ရောက် တိုက်စစ်မှူးနေမာကလည်း မက်ဆီ PSG ကို ပြောင်းလာဖို့ ဆွဲဆောင်လျက်ရှိပါတယ်။ အသက် ၃၃ နှစ်ရှိ မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပါတယ်။                                  


(SO)






အခြားဆက်စပ်သတင်းများ