ဩဂုတ် ၃၁
စပါးအသင်းနည်းပြ မော်ရင်ဟိုက သူကိုးရီးယားဘာသာစကားကို လေ့လာသင်ယူနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အချင်းချင်းဆက်သွယ်ပြောဆိုကြရာမှာ ဘာသာစကားဟာအဓိကကျပါတယ်၊ နည်းပြနဲ့ ကစားသမားများ ဆက်သွယ်ရာမှာ လွယ်ကူချောမွေ့စေဖို့အတွက် ဆွန်ဟောင်မင်ထံကနေ ကိုးရီးယားဘာသာ စကားကို သင်ယူနေတယ် လို့ မော်ရင်ဟိုကပြောပါတယ်။
မော်ရင်ဟိုဟာ သူ့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ ပေါ်တူဂီစကားသာမက စပိန်၊ ပြင်သစ်၊ အီတလီ၊ ကာတာလန်၊ အင်္ဂလိပ်စကားများကိုပါ ဒီဂရီရသည်အထိ ပြောကြားနိုင်သူဖြစ်ပါတယ်။ ကိုးရီးယားဘာသာ စကားပြောတတ်လာမယ်ဆိုရင် မော်ရင်ဟိုဟာ ဘာသာစကား ၇ မျိုးတက်ကျွမ်းသူဖြစ်လာမှာပါ။
(SO)