နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြသစ်နဲ့ နယ်သာလန်နေးရှင်းလိဂ်မှာ ရလဒ်ကောင်းအောင်စွမ်းဆောင်နိုင်ပါ့မလား

ဩဂုတ်  ၃၁


ဘာစီလိုနာနည်းပြဖြစ်သွားတဲ့ ရော်နယ်လ်ကိုးမန်းဟာ နယ်သာလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ဦးပါ။ ကိုးမန်းကြောင့် နယ်သာလန်မှာလည်း အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ နယ်သာလန် ဟာ ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှစကာ ယူရို ၂၀၂၀ ခြေစစ်ပွဲများအထိ ခြေစွမ်းကောင်းများပြသနိုင်ခဲ့တာ ကြောင့် နယ်သာလန် ဂုဏ်သိက္ခာပြန်လည်မြင့်တက်လာခဲ့ပါတယ်။


ဗန်ဒိုက်လိုကစားသမားများ ပေါ်ထွက် လာသလို လူငယ်ကစားသမားများလည်း ထွက်ပေါ်လာတာကြောင့် နယ်သာလန်ဟာ လူရိုသေ၊ ရှင်ရိုသေ အသင်းဖြစ်လာခဲ့ပါတယ်။ အေဂျက်က ချန်ပီယံလိဂ်မှာ ဆီမီးကိုတက်လာခဲ့ခြင်းနဲ့အတူ နယ်သာလန် ကစားသမားကောင်းများလည်း ထွက်ပေါ်လာကာ လက်ရွေးစင်အသင်းအတွက်အားကိုးရတဲ့ ကစားသမား ပေါ်ထွက်လာခဲ့ပါတယ်။ ဒါတွေဟာ ရော်နယ်လ်ကိုးမန်း နယ်သာလန်ကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့စဉ်ကပါ။ ခုခါမှာတော့ ကိုးမန်းက ဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားခဲ့ပါပြီ။


နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က အာဆင်ဝင်းဂါးကို ခေါ်ယူပေမယ့် အခြေအနေအရ တာဝန်ယူရန် မဖြစ်နိုင်ခဲ့ပါ။ အေဂျက်နည်းပြ အဲရစ်တန်ဟက်ကလည်း နယ်သာလန် နည်းပြရာထူးကို စိတ်မဝင်စားပေ။ နောက်ဆုံးမှာတော့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ဟာ ယာယီနည်းပြ ဒွိုက်လိုဒီဝိတ်ဂျ်ကိုသာ  ဆက်လက် တာဝန်ပေးခဲ့ရပါတယ်။  ဒွိုက်လိုဒီဝိတ်ဂျ်ဟာ နယ်သာလန်နဲ့ကနေဒါနွယ်ဖွား ဘောလုံးကစားသမားဟောင်း တစ်ဦးပါ။ ၁၉၈၉ ခုနှစ်က နည်းပြဘဝကို ရောက်ရှိခဲ့တာပါ။ ၂၀၀၉ ခုနှစ်က PSG အသင်းကြီးတစ်သင်းကိုသာ ကိုင်တွယ်ဖူးတာပါ။


ကိုးမန်းရဲ့ လက်ထောက်ဘဝကနေ ယာယီနည်းပြ၊  ခုတော့နည်းပြတာဝန်ကို လုံးလုံး လျားလျား တာဝန်ယူရတော့မှာပါ။ နယ်သာလန်အသင်းဟာ စက်တင်ဘာမှာ ပိုလန်၊ အီတလီတို့နဲ့ကစားရမှာပါ။ နယ်သာလန်အတွက်လွယ်ကူတဲ့ ပြိုင်ဘက်တွေမဟုတ်ပါဘူး။ ဒီနေးရှင်းလိဂ်ပြိုင်ပွဲနှစ်ပွဲရဲ့ အခြေအနေကို စောင့်ကြည့်ပြီး တစ်စုံတစ်ရာရလဒ်ဆိုးရွားသွားမယ်ဆိုလျှင်တော့ နည်းပြသစ်အစားထိုးသွားမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် နည်းပြသစ်နဲ့ နယ်သာလန်တို့ဒီနေးရှင်းလိဂ်ပွဲစဉ်နှစ်ပွဲရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။            


 (SO)






အခြားဆက်စပ်သတင်းများ