နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် အထွတ်အမြတ်ထားသည့် တံတားပေါ် ဝတ်လစ်စလစ်ဗီဒီယိုရိုက်ခဲ့သည့် ပြင်သစ်အမျိုးသမီးကို ဖမ်းဆီး

ဩဂုတ် ၃၁၊ နယူးဒေလီ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ရီရှီကက်ရှ်မြို့ရှိ အထွတ်အမြတ်ထားသည့် တံတားတစ်စင်းပေါ်တွင် ဝတ်လစ်စလစ် ဗီဒီယိုရိုက်ခဲ့ခြင်းကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားသည်။ လက်ရှ်မန်ဂျူလာ တံတားပေါ်တွင် ရိုက်ခဲ့သည့် အဆိုပါဗီဒီယိုကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ ပြင်သစ်အမျိုးသမီးမှာ အိန္ဒိယနိုင်ငံ၏ အင်တာနက်ဥပဒေအရ စွဲချက်များရင်ဆိုင်ရမည်ဖြစ်ပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။


ဂင်္ဂါမြစ်ပေါ်တွင် ဖြတ်သန်းတည်ဆောက်ထားသည့် အဆိုပါကြိုးတံတားမှာ အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကြား ရေပန်းစားသည့်နေရာဖြစ်သည်။ ယင်းအနေဖြင့် ကျောက်မျက်ရတနာလုပ်ငန်းကို အရောင်းမြှင့်တင်ရန် တံတားပေါ်တွင် ဝတ်လစ်စလစ် ဗီဒီယိုရိုက်ခဲ့ခြင်းဟု ပြင်သစ်အမျိုးသမီးက ရဲတပ်ဖွဲ့အား ပြောခဲ့သည်။ လူမှုကွန်ရက်ပေါ်မှ ရုပ်သံမှတ်တမ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီးနောက် အဆိုပါအမျိုးသမီးကို ပြီးခဲ့သည့်ကြာသပတေးနေ့က ဖမ်းဆီးခဲ့ သော်လည်း နောက်ပိုင်းတွင် ယင်းကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ