နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပို့တ်လန်းမြို့မှ ဆူပူအုံကြွမှုများအတွက် ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင် အပြန်အလှန် ပြစ်တင်ဝေဖန်

ဩဂုတ် ၃၁၊ ဝါရှင်တန်


အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့မှ ဆန္ဒပြပွဲများတွင် ဆူပူအုံကြွမှု  ပေါ်ပေါက်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့ အပြန်အလှန် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ ပြီးခဲ့သည့်စနေနေ့က ပို့တ်လန်းမြို့တွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးသူများနှင့် Black Lives Matter လှုပ်ရှားသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အခြားတစ်နေရာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသည်။ 


အဆိုပါဖြစ်ရပ်အတွက် ဒေါ်နယ်ထရမ့်က ပို့တ်လန်းမြို့၏ ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန် တက်ဒ်ဝီးလာကို ဝေဖန်ခဲ့ပြီး တက်ဒ်ဝီးလာက ပို့တ်လန်းမြို့ကို ဖျက်ဆီး၊ ဖြိုဖျက်ခွင့်ပြုနေသည်ဟု ဆိုခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်က အဆင်ခြင်ကင်းမဲ့စွာဖြင့် ဆူပူအုံကြွမှုများကို အားပေးအားမြှောက်လုပ်နေသည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။


မေလ ၂၅ ရက်က မင်နီယာပိုလစ်မြို့တွင် ရဲအရာရှိတစ်ဦး၏ လက်ချက်ကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့၍ အမေရိကန်တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာတွင် နာကျည်းခံပြင်း မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ပို့တ်လန်းမြို့မှာ ရဲတပ်ဖွဲ့၏ အင်အားသုံးမှု၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ရာနေရာ ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်ပေါ်မှ ရေးသားဖော်ပြမှုများကြောင့် ပို့တ်လန်းမြို့သို့ လာရောက်ပြီး လက်တုံ့ပြန် တိုက်ခိုက်မှုများလုပ်ခြင်းကို ရှောင်ရှားကြရန် ပို့တ်လန်းမြို့တော်ဝန် တက်ဒ်ဝီးလာက သတိပေးထားသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်၏ ဝေဖန်မှုကို တုံ့ပြန်ခဲ့ပြီး ဒေါ်နယ်ထရမ့်မှာ အမုန်းတရားနှင့် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်စေခဲ့သည်ဟု ယင်းက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ