နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့အမြင့်ဆုံး တစ်ရက်တာ ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှု စံချိန်သစ်တင်

ဩဂုတ် ၃၁၊ နယူးဒေလီ


အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်တွင် တစ်ရက်တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်သစ်တင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို တတိယအဆိုးရွားဆုံး ခံစားနေရသည့် အိန္ဒိယနိုင်ငံမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လူနာသစ် ၇၈၇၆၁ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၁၇ ရက်က အမေရိကန်နိုင်ငံ၏ လူနာသစ် တွေ့ရှိမှု စံချိန်ကို ချိုးဖျက်ခဲ့သည်။ ပြီးခဲ့သည့်မတ်လက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှု ချမှတ်ခဲ့ချိန်တွင် လူသန်းပေါင်းများစွာ အလုပ်အကိုင် ဆုံးရှုံးခဲ့သည့် စီးပွားရေးလုပ်ငန်းကို တစ်ကျော့ပြန် ဦးမော့လာစေရန်အတွက် အိန္ဒိယအစိုးရက ကန့်သတ်ချက်များ ဖယ်ရှားပေးနေချိန်တွင် ယခုကဲ့သို့ လူနာသစ် အရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။


ကျေးလက်ဒေသများတွင် COVID-19 ရောဂါကူးစက်မှု မြင့်တက်လာခြင်းမှာ အဓိကစိုးရိမ်စရာ ဖြစ်နေသည်။ ကျေးလက်ဒေသများအထိ ရောဂါကူးစက်ပျံ့နှံ့သွားခြင်းကြောင့် အတည်ပြုလူနာသစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဟု နှလုံးရောဂါဆရာဝန် ကာနော့ကူးမားက ပြောသည်။ အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်ခံရသူ မြင့်တက်လာသော်လည်း လာမည့်လမှစတင်၍ ယဉ်ကျေးမှု၊ ဖျော်ဖြေမှု၊ အားကစားပွဲ အခမ်းအနားများတွင် နှာခေါင်းစည်းတပ်၊ ခပ်ခွာခွာရပ်ပြီး လူ ၁၀၀ အထိ စုဝေးခွင့်ပြုမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရမှု ၂၅ သန်းကျော်လွန်သွားခဲ့ပြီး သေဆုံးသူ ၈၄၃၀၀၀ ရှိနေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားနေရသည့်နိုင်ငံအဖြစ် ရပ်တည် နေပြီး ကူးစက်ခံရသူ ၆ သန်းနီးပါး ရှိနေသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ