နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Black Panther မင်းသားအတွက် ၇ နှစ်အရွယ် ကလေးငယ်က စိတ်ထိခိုက်စရာ အောက်မေ့တသခြင်း အခမ်းအနားပြုလုပ်

ဩဂုတ် ၃၁၊ ဝါရှင်တန်


အူမကြီးကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့သည့် Black Panther မင်းသား ချက်ဒ်ဝစ်ဘို့စ်မန်းအတွက် ၇ နှစ်အရွယ် ကလေးငယ်က စိတ်ထိခိုက်စရာ အောက်မေ့တသခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။ ကလေးငယ် ကီယန်မှာ ယင်း၏ Black Panther အရုပ်လေးကို ဘူးထဲထည့်ထားပြီး ဘေးနားတွင် ပန်းများ၊ ဆုတံဆိပ်နဲ့ Iron Man လက်အိတ်ကို ချထားကာ Avengers ဟီးရိုးအရုပ်များကိုလည်း ဈာပန လိုက်ပါပို့ဆောင်သည့်ပုံစံမျိုး နေရာချခဲ့သည်။


ကီယန်မှာ ချက်ဒ်ဝစ်ဘို့စ်မန်းနှင့် တစ်ကြိမ်မျှ မဆုံဖူးသကဲ့သို့ Black Panther ဇာတ်ကားမှလွဲ၍ ယင်း ပါဝင်သရုပ်ဆောင်သည့် တခြားဇာတ်ကားများကိုလည်း မကြည့်ဖူးပေ။ '' လူမည်းကလေးတွေလည်း သူရဲကောင်းတွေ ဖြစ်လာနိုင်တယ်လို့ သူက လမ်းပြပေးခဲ့တာပါ။ ဒါကြောင့် သူက ကျွန်တော်နဲ့ တခြားလူမည်းကလေးတွေအတွက် စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်ပါ။ သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြား လိုက်ရကာ ဖြေမဆည်နိုင်အောင် ဖြစ်မိတယ်။ ငိုမိတယ်။ သူ့အကြောင်းတွေချည်းပဲ ပြောနေမိတယ်''ဟု ကီယန်က ပြောသည်။


ချက်ဒ်ဝစ်ဘို့စ်မန်းမှာ ခွဲစိတ်မှုများလုပ်ကာ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူနေစဉ် ရုပ်ရှင် ရိုက်ကူးခဲ့သည်ဆိုခြင်းကို ယင်း ကွယ်လွန်သွားချိန်မှသာ တစ်ကမ္ဘာလုံးက သိခဲ့ကြသည်။ အူမကြီးကင်ဆာ ၄ နှစ်ကြာ ခံစားခဲ့ရသည့် ချက်ဒ်ဝစ်ဘို့စ်မန်းမှာ ယင်းကိုယ်တိုင် ကင်ဆာဖြစ်နေချိန်တွင် ကင်ဆာဖြစ်နေသည့် ကလေးငယ်များကို သွားရောက်တွေ့ဆုံ အားပေးပြီး ပျော်ရွှင်အောင် လုပ်ပေးခဲ့သူဖြစ်သည်။ အသက် ၄၃ နှစ်အရွယ်ရှိသည့် ချက်ဒ်ဝစ်ဘို့စ်မန်း ကွယ်လွန်သွားကြောင်း တွစ်တာပေါ်တွင် ရေးသားဖော်ပြမှုမှာ တွစ်တာလူမှုကွန်ရက်တွင် Like အများဆုံး ရေးသားမှုအဖြစ် စံချိန်တင်ခဲ့ပြီး Like ၅ ဒသမ ၇ သန်း ရှိခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ