နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံထံ သတင်းပေးနေသည်ဟု သံသယရှိ၍ ပြင်သစ်စစ်တပ် ထိပ်တန်းအရာရှိကို ဖမ်းဆီးစစ်ဆေး

ဩဂုတ် ၃၁၊ ပါရီ


ပြင်သစ်စစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦးမှာ လုံခြုံရေးချိုးဖောက်မှုဖြင့် သံသယရှိခြင်းကြောင့် စုံစမ်းစစ်ဆေး ခံနေရကြောင်း လက်နက်ကိုင်တပ်ဖွဲ့ဝန်ကြီးက အတည်ပြုခဲ့သည်။ သို့သော် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ လက်နက်ကိုင်တပ်ဖွဲ့ဝန်ကြီး ဖလောရင့်ပါလီက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။ သို့သော် စုံစမ်းစစ်ဆေးရန် ထိန်းသိမ်းခံရသူမှာ နေတိုးအဖွဲ့တွင် တာဝန်ကျနေသည့် အရာရှိဖြစ်ပြီး အီတလီနိုင်ငံတွင် စခန်းချနေသူ ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

 

ယင်းမှာ ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ပြီး ထိလွယ်ရှလွယ်သည့် သတင်းအချက်အလက်များကို ရုရှား ထောက်လှမ်းရေးအဖွဲ့ထံ ပေးပို့ခဲ့သည်ဟု သံသယရှိကြောင်း  Europe 1 သတင်းဌာနက ဖော်ပြသည်။ ယင်းကို ပါရီမြို့တွင် ချုပ်ရက်ရမန်ယူ ဖမ်းဆီးထားသည်ဟု ဆိုသည်။ ယင်း၏ မျိုးရိုးမှာ ရုရှားနိုင်ငံတွင် နေထိုင်ခဲ့သူများဖြစ်ပြီး ရုရှားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သည်ဟု Europe 1 သတင်းဌာနက ဖော်ပြသည်။ ယင်းမှာ နေပယ်မြို့အနီးရှိ ကွပ်ကဲရေးစင်တာတွင် အလုပ်လုပ်သူဖြစ်သည်။ အားလပ်ရက်တွင် ပြင်သစ်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် အီတလီနိုင်ငံသို့ ပြန်သွားရန် ပြင်ဆင်နေစဉ် လွန်ခဲ့သည့် ၁၀ ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် နေတိုးအဖွဲ့အပေါ် ကတိကဝတ်ထားရှိမှုနှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာခဲ့ပြီးနောက် နေတိုးအဖွဲ့ဝင် နိုင်ငံများကြား တင်းမာမှု မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ