နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပရဲ့စူပါဖလားပွဲမှာ ပရိသတ်ကြည့်ရှုခွင့်ပြုမည်

ဩဂုတ်  ၃၀


စက်တင်ဘာ ၂၄ ရက်နေ့ ဘူဒါပတ်စ်မှာကစားမယ့် ဥရောပစူပါဖလားပွဲစဉ်ကို ပရိသတ်တွေဝင်ရောက် ကြည့်ရှုခွင့်ပြုမယ်လို့ ကြားသိရပါတယ်။ ပရိသတ် ခြောက်သောင်း၊ ခုနစ်သောင်းလောက်ဆံ့တဲ့ ကွင်းထဲကို ပရိသတ် ၃၀ ရာခိုင်နှုန်းဝင်ကြည့်ခွင့်ပြုဖို့  ယူအီးအက်ဖ်အေက ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ ဒီစက်တင်ဘာ ၂၄ ရက်မှာ ချန်ပီယံလိဂ် ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံဆီဗီလာ အသင်းတို့ ထပ်ဆင့်ယှဉ်ပြိုင်ကစားမယ့်ပွဲပဲဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေဟာ အခြားအက်ဖ်အေပွဲစဉ်တွေ၊ နေရှင်းလိဂ်ပွဲစဉ်တွေ၊ ကလပ်ပြိုင်ပွဲတွေ၊  ခြေစစ်ပွဲတွေ ကိုတော့ ပရိသတ်မပါဘဲကျင်းပဖို့သတ်မှတ်ထားပါတယ်။  ယခု စူပါဖလားပွဲစဉ်ကိုတော့ ဒေသတွင်းကပရိသတ် တွေကိုပဲ ခွင့်ပြုမလား၊ နိုင်ငံရပ်ခြားက ပရိသတ်တွေကိုပဲခွင့်ပြုမလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သတင်းမှာဆိုထားပါတယ်။ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆက်ဖာရင်က ဒီပွဲကိုလာတဲ့ သူတွေ၊ ပါဝင်ပတ်သက်သူ တွေအားလုံးရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့စီမံမှုတွေ သေချာဆောင်ရွက်ထားဖို့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်၊ ဟန်ဂေရီအစိုးရတို့နဲ့ အနီးကပ်လုပ်ဆောင်နေကြပါတယ်။ လုံခြုံမှုနဲ့ပတ်သက်လို့ အရဲစွန့်မှာမဟုတ်ပါဘူးလို့ ဆက်ဖာရင်ကဆိုပါတယ်။                                                                                                           


(SO)






အခြားဆက်စပ်သတင်းများ