နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထားနေ

ဩဂုတ်  ၃၀


ဘာစီလိုနာအသင်းဟာ လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို အပြောင်းအရွှေ့မှာ ခေါ်ယူရန် ပစ်မှတ်ထား နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဘာစီလိုနာအသင်းက မက်ဆီနဲ့ ဆွာရက်ဇ်တို့ နှစ်ယောက်စလုံးဟာ နူးကမ့်ကနေ ထွက်ခွာဖွယ်ရှိနေလို့ နည်းပြသစ် ရော်နယ်ကိုးမန်းဟာ အစားထိုးစရာ ကစားသမားတွေကို ရာသီသစ်အတွက် ရှာဖွေရမှာဖြစ်ပါ တယ်။

Sportmail သတင်းဌာန၏ အဆိုအရ ဘာစီလိုနာအသင်းဟာ လာဇီယိုတိုက်စစ်မှူး အင်မိုဘလီကို စောင့်ကြည့် နေတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်မှူး လာဇီယိုအသင်းအတွက် စီးရီးအေမှာ ၁၄၂ ပွဲ ကစားထားပြီး ၁၀၃ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း အီတလီလက်ရွေးစင်တိုက်စစ်မှူးက ၃၆ ဂိုးအထိ သွင်းယူခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်မိုဘလီဟာ လာဇီယိုအသင်းအတွက် အစားထိုးလို့ မရနိုင်သော်လည်း ပေါင် ၄၅ သန်း လောက်ရရှိပါက လက်ခံသွားဖွယ်ရှိနေတာဖြစ်ပါတယ်။


(သူရိန်)






အခြားဆက်စပ်သတင်းများ