နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုင်ယွန်အသင်းကစားသမား ဟောက်ဆမ် COVID-19 ရောဂါ ကူးစက်ခံရ

ဩဂုတ်  ၃၀


လိုင်ယွန်အသင်းကစားသမား ဟောက်ဆမ်  COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း သိရသည်။ လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ဟောက်ဆမ်အနေဖြင့် အသင်းမှထွက်ခွာမည့် ကစားသမားများစာရင်းတွင် ပါဝင်ခဲ့ပြီး ဥရောပအသင်းကြီးများက ယင်းကိုခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။

ဟောက်ဆမ်သည် COVID-19 ရောဂါ ကူးစက်ခံထားရပြီးနောက် ၁၄ ရက်ထိ သီးသန့်နေထိုင်သွားမည်ဖြစ်ပြီး ဆေးစစ်မှုထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

လိုင်ယွန်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်ရေးအတွက် ကစားသမားများကို ပြန်လည်စုဖွဲ့ရန်ပြင်ဆင်နေပြီး ကစားသမားများကို ဆေးစစ်မှုပြုလုပ်ခဲ့ရာ ဟောက်ဆမ်အနေဖြင့် Positive ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လိုင်ယွန်အသင်းက “ရာသီသစ်အတွက် ပြင်ဆင်ဖို့ ကစားသမားတွေကို ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေအားလုံးကိုလည်း ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ ဆေးစစ်မှုအရ ဟောက်ဆမ်မှာ COVID-19  Positive ထွက်ပေါ်ခဲ့ပါတယ်။ သူဟာ COVID-19 ရောဂါကူးစက်ခံထားရတဲ့အတွက် တစ်ယောက်တည်း သီးသန့် ၁၄ ရက် ထားရှိစောင့်ကြည့်သွားမှာပါ။ သူ့ကို ဆေးစစ်မှုတွေ ထပ်မံပြုလုပ်သွားမှာပါ”ဟု ထုတ်ပြန်ခဲ့သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ