နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ မန်ဖရက်ဒီ ဗိုလ်စွဲ

ဩဂုတ်  ၃၀


WLC-12  ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံသူ  မန်ဖရက်ဒီက စပိန်နိုင်ငံသူ မိုင်ရှာကက်ဇ်ကို စတုတ္ထအချီမှာအနိုင်ရခဲ့ပါတယ်။ ဒီ အမျိုးသမီး ဘင်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကို ဩဂုတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံမှာ ထိုးသတ်ယှဉ်ပြိုင်ခဲ့ကြတာပါ။  WLC-12  ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်အဖြစ် မန်ဖရက်ဒီနဲ့မိုင်ရှာကက်ဇ်တို့ယှဉ်ပြိုင်ခဲ့ကြရာမှာ စတုတ္ထအချီ အရောက်မှာ မိုင်ရှာကက်ဇ် ဆက်လက်မယှဉ်ပြိုင်နိုင်တော့တာကြောင့်  မန်ဖရက်ဒီက WLC  အမျိုးသမီး ဘင်တန်ဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအမျိုးသားပွဲစဉ်မှာတော့ မြန်မာ့လက်ဝှေ့သမား စိုးမင်းအောင်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသား အာသာဝတီတို့ပွဲမှာတော့ စိုးမင်းအောင်က အာသာဝတီကို အမှတ်ပေးဆုံးဖြတ်ချက်အရ ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။                                                                                                                         
(SO)






အခြားဆက်စပ်သတင်းများ