နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတားဆီးရေး ကန့်သတ်ချက်များအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွား

ဘာလင်၊ ဩဂုတ် ၃၀


ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စည်းမျဉ်းများအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၃၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှ အများစုအားဖြင့် ငြိမ်းချမ်းသည့် ဆန္ဒပြပွဲများတွင် လူ ၃၈၀၀၀ ပါဝင်ခဲ့ပြီး စုဝေးပွဲတစ်ခုတွင် ရဲတပ်ဖွဲ့က လူ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ အဆိုပါစုဝေးပွဲတွင် လက်ယာဝါဒရှိသည့် သွေးထိုးလှုံ့ဆော်သူများက ကျောက်ခဲများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ 

ဥရောပနိုင်ငံများရှိ အခြားမြို့များတွင်လည်း အလားတူစုဝေးပွဲများ ဖြစ်ပေါ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ အလိမ်အညာဖြစ်သည်ဟု ဆန္ဒပြသူအချို့က ဆိုသည်။ လန်ဒန်မြို့ရှိ ထရာဖယ်ဂါရင်ပြင်တွင်လည်း လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး ပိတ်ဆို့မှု များ၊ 5G ကွန်ရက် စသည့် အကြောင်းအရာများအပေါ်  ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါဆန္ဒပြပွဲတွင်  '' နှာခေါင်းစည်းဆိုတာ ပါးစပ်မဟနိုင်အောင်(အသံမထွက်အောင်)လုပ်ထားတဲ့အရာ ''၊  ''  နေထိုင်မှုပုံစံသစ် ဆိုတာ ဖက်ဆစ်ဝါဒသစ်'' ဟု ရေးသားထားသည့် စာတမ်းများ ကိုင်ဆောင်ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့၊ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၊ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့များတွင်လည်း အလားတူ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။                                                                                                         

KNT






အခြားဆက်စပ်သတင်းများ