ဩဂုတ် ၂၉
တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရက်ပြောင်းရွှေ့ထားတဲ့ ၂၀၂၁ ခုနှစ်မှာကျင်းပနိုင်ခြင်းမရှိပါက အခြားအားကစား ပြိုင်ပွဲများကျင်းပနိုင်ရေးစဉ်းစားထားသင့်တယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် အကြီးအကဲ လော့ဒ်ကိုးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ မှာကျင်းပမှာဖြစ်ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပနိုင်ဘဲ ၂၀၂၁ ခုနှစ်သို့ပြောင်းရွှေ့ကျင်းပရန်လျာထားခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းထားတဲ့နှစ်မှာ ကျင်းပနိုင်ဖို့မသေချာမှုများရှိနေတယ်လို့ လော့ဒ်ကိုးက ဖွင့်ဟထားပါတယ်။ “တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပနိုင်တဲ့ အနေအထားကိုရောက်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ တကယ်လို့မျှော်လင့်သလိုဖြစ်မလာဘူးဆိုရင် အခြားသောပုံစံမျိုးနဲ့ အားကစား ပြိုင်ပွဲတွေကျင်းပဖို့လည်း ကျွန်တော်တို့စဉ်းစားထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် စီစဉ်ထားတာတွေ ဆိုးဆိုးရွားရွားဖြစ်လာမှသာစဉ်းစားရမှာပါ။ ပြိုင်ပွဲကိုတော့ ပရိသတ်မပါဘဲကျင်းပသင့်ပါတယ်။ အခုအချိန်မှာ အရေးကြီးတာက နိုင်ငံအလိုက်အားကစားအဖွဲ့ချုပ်တွေရော နိုင်ငံတကာအဖွဲ့အစည်းတွေပါ လိင်ကိစ္စ လက်ရောက်ကျူးလွန်မှု၊ ဆဲရေးမှုတွေနဲ့ပတ်သက်တဲ့သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ပါပဲ”လို့ လော့ဒ်ကိုးက ပြောခဲ့ပါတယ်။
(SO)