နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
BBC နဲ့ မက်ဂွိုင်ယား အင်တာဗျူးက သူ့ရဲ့ထွက်ဆိုချက်လား

ဩဂုတ်  ၂၉

အသက် ၂၇ နှစ်အရွယ် မက်ဂွိုင်းယားဟာ ဂရိမှာဖြစ်ပွားခဲ့တဲ့ရန်ပွဲကြောင့် အမှုရင်ဆိုင်နေရပါတယ်။ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရတာ အင်္ဂလန်လူစာရင်းကနေပြီး နုတ်ထွက်ခံရပါတယ်။ မက်ဂွိုင်းယားက သူ့ရဲ့ဘဝအန္တရာယ်အတွက် ဂရိမှာတောင်းပန်စကားလဲပြောမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ရဲအရာရှိတွေကိုပြန်လည်ခုခံမှု၊ လာဘ်ထိုးရန်ကြိုးပမ်းမှုနဲ့စွဲချက်တင်ခံရပြီး ဆိုင်းငံ့ ထောင်ဒဏ် ၂၁ လ ချမှတ်ခံထားရသူပါ။ ဖြစ်ပွားခဲ့တဲ့ရန်ပွဲအပြီးမှာ  BBC နဲ့ မက်ဂွိုင်းယားတို့ရဲ့ ပထမဆုံး အင်တာဗျူးမှာ မက်ဂွိုင်းယားက ရဲကိုလာဘ်ထိုးဖို့ကြိုးစားတယ်ဆိုတာကို ငြင်းဆန်သွားခဲ့ပါတယ်။ “လူနှစ်ဦးက ကျွန်တော့်ညီမအနားကို ချဉ်းကပ်လာပါတယ်။  သူမဘယ်ကလာတာလဲလို့ သူတို့မေးမြန်းခဲ့ပြီး သူမလည်း တုန့်ပြန်စကားပြောခဲ့ပါတယ်။  အဲဒီနောက် ကျွန်တော့်ချစ်သူက ကျွန်တော့်ညီမပြေးလွှားနေတာ ကိုမြင်လိုက်ရပြီး  ညီမလေးက မောပြီးမူးမေ့မလိုတောင်ဖြစ်နေတယ်။ ပထမတော့ ပြန်ပြေးဆွဲခံရပြီလို့ ကျွန်တော်ထင်ခဲ့တာ ကျွန်တော်တို့မြေကြီးပေါ်ဒူးထောက်ချလိုက်ပြီးတော့ လက်တွေကိုမြှောက်ထားလိုက်ပါ တယ်။

အဲဒီမှာသူတို့က ကျွန်တော့်ကိုစထိုးတာပါပဲ။  ကျွန်တော့်ကိုလက်ထိပ်ခတ်လိုက်ပြီး ကျွန်တော့် နောက်ကျောကိုကန်ကာ ပြီးသွားပြီ မင်းနောက်ဘောလုံးကန်ရမှာမဟုတ်ဘူး၊ သူတို့က ဘယ်သူတွေလဲ ကျွန်တော်မသိပါဘူး၊ ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူးလို့ထင်ပါတယ်၊၊ဘာအမှားမှလုပ်မထားပါဘူး၊ ခုလိုဖြစ်တဲ့အတွက် ကလပ်နဲ့ပရိသတ်အတွက် နောင်တရမိပါတယ်။ ရဲတွေကို လာဘ်ထိုးဖို့ ကျွန်တော်မကြိုးစားခဲ့ပါဘူး၊ သူတို့ရဲ့ထုတ်ပြန်ချက်ကရယ်စရာပါ”လို့ မက်ဂွိုင်းယားက အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။                              

(SO)






အခြားဆက်စပ်သတင်းများ