ဩဂုတ် ၂၉
နူးကမ့်ကနေထွက်ခွာတော့မယ်လို့ ဘာစီလိုနာကို မက်ဆီအကြောင်းကြားခဲ့ပြီးတဲ့နောက်မှာ ပရီးမီးယား လိဂ်က မန်စီးတီးအသင်းလှုပ်ရှားမှုတွေစတင်လုပ်ဆောင်လာပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းကိုလည်း မချိုးဖောက်ဖို့နည်းလမ်းကိုရှာကြရမှာပါ။ ဘာစီလိုနာကလည်း မက်ဆီနဲ့အပြောင်းအရွှေ့ကို ယူရို သန်း ၇၀၀ လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
မန်စီးတီးအသင်းက ဘာစီလိုနာအသင်းခေါင်းဆောင်အတွက် ယူရိုသန်း ၁၀၀ အပြင် ကစားသမား သုံးဦးအထိ အလိုက်ပေးကမ်းလှမ်းမှုတွေပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သုံးဦးထဲမှာ မန်စီးတီးရဲ့ အဓိက ကစားသမားနှစ်ဦးကိုပါထည့်သွင်းထားတာတွေ့ရပါတယ်။
ဒီကစားသမားတွေကတော့ ဂါဘရီရယ် ဂျီဆပ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ အဲရစ်ဂါစီယာတို့ပဲဖြစ်ပါတယ်။ မက်ဆီအတွက် မန်စီးတီးရဲ့ကမ်းလှမ်းမှုရဲ့ တန်ဖိုးပေါင်းက ယူရိုသန်း ၃၀၀ ခန့်ရှိမယ်လို့ ထင်ပါတယ်။ ဘာစီကလည်းသူတို့ရဲ့ အဓိက ကစားသမားအတွက် ပြောင်းရွှေ့ကြေးများများရအောင် ကြိုးစားကြမှာသေချာပါတယ်။ ဘာစီအသင်း မက်ဆီကိုမရောင်းချင်ပေမယ့် ကစားသမားကိုယ်တိုင်လာတောင်းဆိုလာခဲ့တာကြောင့် အခက်တွေ့နေရပါတယ်။ ဘာစီပရိသတ်တွေက မက်ဆီထွက်ခွာရတာ ဥက္ကဋ္ဌကြောင့်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ တချို့ကလည်း နည်းပြကြီးကိုးမန်းရဲ့ “မင်းရဲ့ ဦးစားပေးအခွင့်ထူးခံစားခွင့်တွေကအဆုံးသတ်သွားပြီ”စတဲ့ စကားတွေကြောင့် မက်ဆီထွက်ခွာရတာလို့လည်းထင်ကြပါတယ်။
ဘာစီပရိသတ်တွေဟာ ကွင်းရှေ့ရောက်လာပြီး ဥက္ကဋ္ဌနုတ်ထွက်ဖို့အထိတောင်းဆိုလာခဲ့ကြပါတယ်။ နောက်ပိုင်းသတင်းတွေအရဆိုရင် ဥက္ကဋ္ဌ ဘာတိုမြူကိုယ်တိုင်က မက်ဆီမထွက်ခွာဘူးဆိုရင် သူဥက္ကဋ္ဌနေရာက နုတ်ထွက်ပေးပါ့မယ်လို့တောင် ဥက္ကဋ္ဌကပြောဆိုကြောင်းသတင်းတွေပျံ့နှံ့နေပါတယ်။ မက်ဆီ ပြောင်းရွှေ့ချင် တဲ့အချက်တွေထဲမှာ အသင်းရဲ့အပြောင်းအရွှေ့မူဝါဒတွေကို စိတ်ကုန် နေစိတ်ပျက်နေတာကြောင့်လည်း ဖြစ်ပါတယ်လို့ သတင်းအချို့မှာရေးသားဖော်ပြနေကြပါတယ်။ မက်ဆီရဲ့အနာဂတ်ဟာ အမှန်တကယ်ပဲ အသင်းသစ်တစ်သင်းမှာရှိတော့မယ်လို့ပြောနေကြပါပြီ။ လက်ရှိဘာစီဘုတ်အဖွဲ့တွေ ခေါင်းခြင်းဆိုင်လို့ ဆွေးနွေးနေချိန်မှာ မက်ဆီကလည်း အသင်းသစ်ရှာဖွေချိန်ဖြစ်နေပါတော့တယ်။
(SO)