နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အူမကြီးရောင်ရမ်းသည့်ရောဂါကြောင့် ဂျပန်ဝန်ကြီးချုပ်ရာထူးမှ ရှင်ဇိုအာဘေး နုတ်ထွက်

တိုကျို  ဩဂုတ်    ၂၉

ဂျပန်နိုင်ငံသမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်သည့် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ ကျန်းမာရေးပြဿနာကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ရှင်ဇိုအာဘေးမှာ ကုသမရနိုင်သည့် အူမကြီးရောင်ရမ်းသည့်ရောဂါ ခံစားနေရပြီး ၂၀၀၇ ခုနှစ်ကလည်း အဆိုပါရောဂါကြောင့်ပင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရဖူးသည်။

''တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းပြည့်ဖို့ တစ်နှစ်ကျန်နေသေးပေမဲ့ ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အဲဒါကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ ''ဟု ပြီးခဲ့သည့်သောကြာနေ့က တိုကျိုမြို့တွင် ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရှင်ဇိုအာဘေးက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း တာဝန်ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းကြောင့် ဂျပန်ပြည်သူများကို တောင်းပန်သည်ဟု ရှင်ဇိုအာဘေးက ဆိုခဲ့သည်။

ရှင်ဇိုအာဘေးသည် ပြီးခဲ့သည့်တနင်္လာနေ့ နံနက်ပိုင်းက ရက်သတ္တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တိုကျိုမြို့ရှိ ကိုင်အိုတက္ကသိုလ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရသည်။ ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ် ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ ဝန်ကြီးချုပ်ရာထူးမှ ရှင်ဇိုအာဘေး နုတ်ထွက်သည့် သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အစဉ်အလာအားဖြင့် ခိုင်မာသည့် ဂျပန်ယန်းငွေ တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။      

KNT






အခြားဆက်စပ်သတင်းများ