နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်​ငံနှင်​့တစ်​ဝန်းစာတိုက်​ကြီးများတွင်​ ပန်​းတဉ်​းအထိမ်​းအမှတ်​ အထူးထုတ်​စာပို့တံဆိပ်​​ခေါင်​းသစ်​ ၂၀ဝ ကျပ်​တန်​ တံဆိပ်​​ခေါင်​းသုံးသိန်းထုတ်​​ဝေ

ရန်​ကုန်​ သြဂုတ်​ ၂၈


နေပြည်​​တော်​ဗဟိုစာတိုက်​ကြီး၊ ရန်​ကုန်​စာတိုက်​ကြီး၊ မန္တ​လေးစာတိုက်​ကြီးနှင်​့ ကျန်​တိုင်​း​ဒေသကြီးနှင့် ပြည်​နယ်​စာတိုက်​ကြီးများတွင်​ ဩဂုတ် ၂၈ ရက် နံနက်​ ရုံးချိန်​ ၉ နာရီခွဲမှ စတင်​ပြီး မြန်​မာ့စာတိုက်​လုပ်​ငန်း မှသုခုမအနုပညာပန်​းဆယ်​မျိုးတ​ွင်​ အပါအဝင်​ဖြစ်​​သော ပန်​းတဉ်​းအထိမ်​းအမှတ်​အထူးထုတ်​စာပို့တံဆိပ်​​ခေါင်းသစ်​ ၂၀ဝ ကျပ်​တန်​ကို နိုင်​ငံနှင်​့တစ်​ဝန်းတွင်​ ​တံဆိပ်​​ခေါင်​းအလုံး​ရေ သုံးသိန်း ထုတ်​​ဝေပြီး  ပထမ​နေ့ စာအိတ်​ (Firstday Cover) ပေါင်​း ၃၄၀ဝ စတင်​ဖြန်​့ချိ ​ထုတ်​​ဝေပြီဖြစ်​​ကြောင်​း ရန်​ကုန်​စာတိုက်​ကြီး                 လက်ထောက်​ အ​ထွေ​ထွေမန်​​နေဂျာ ရုံးမှသိရသည်​။

"ဒီ​နေ့အသစ်​ထုတ်​​ဝေတဲ့ပန်​းတဉ်​းအထိမ်​းအမှတ်​ အထူးထုတ်​စာပို့တံဆိပ်​​ခေါင်​းသစ်​က မြန်​မာ့ရိုးရာ သုခုမအနုပညာ ပန်​းဆယ်​မျိုး တတိယ​မြောက်​တစ်​မျိုးအပါအဝင်​ဖြစ်​ပါတယ်​။ ဒါကို မြန်​မာ့ယဉ်​​ကျေးမှု အနုပညာရပ်​များကို ​နောင်​လာမဲ့မျိုးဆက်​သစ်​ လူငယ်​လူရွယ်​​လေး​တွေအကြားမှာ ပိုမိုသိရှိပြီးအ​လေးထားနိုင်​ဖို့အဓိကရည်​ရွယ်​တာပါ။ အထူးတံဆိပ်​​ခေါင်​း​တွေက မြန်​မာနိုင်​ငံရဲ့​နေ့ထူး​နေ့မြတ်​​တွေမှာ ထုတ်​ပါတယ်။ ပြာသိုလက​နေစပြီး (၁၂)လရာသီပွဲ​တော်​နှင်​့ပန်​းများ အထိမ်​းအမှတ်​တံဆိပ်​​ခေါင်​းကိုထုတ်​ခဲ့တယ်​ "ဟု     ရန်ကုန်​စာတိုက်​ကြီး လက်​​ထောက်​အ​ထွေ​ထွေမန်​​နေဂျာ ​ဒေါ်စီစီဟန်​ က​ပြောသည်​။

ထိုစာပို့တံဆိပ်​​ခေါင်​းစတင်​ထုတ်​​ဝေဖြန်​့ချိ သည်​့ ပထမ​နေ့ ဩဂုတ် ၂၈ ရက် နံနက်​ပိုင်​းတွင်​ အထူးအစီအစဉ်​အ​နေဖြင်​့ ရန်​ကုန်​စာတိုက်​ကြီးတွင်​ ပန်​းတဉ်​းအထိမ်​းအမှတ်​အထူးထုတ်​စာပို့တံဆိပ်​​ခေါင်​းသစ်​ (၂၀ဝ) ကျပ်​ တန်​စာပို့ တံဆိပ်​​ခေါင်​းများနှင်​့ ပထမ​နေ့စာအိတ်​ (Firstday Cover) များ​ပေါ် တွင်​ ​နေ့စွဲအမှတ်​အသားတံဆိပ်​များအား လာ​ရောက်​ဝယ်​ယူ​သူများကို စာတိုက်​ဝန်​ထမ်​းများက ရိုက်​နှိပ်​​ပေး​ကြောင်​းသိရသည်​။ အလားတူ ​နေပြည်​​တော်​ ဗဟိုစာတိုက်​ကြီးနှင်​့မန္တ​လေးစာတိုက်​ကြီးတို့တွင်​လည်​း ပထမ​နေ့စာအိတ်​ (Firstday Cover)များ​ပေါ်တွင်​ ​နေ့စွဲအမှတ်​အသားတံဆိပ်​ရိုက်​နှိပ်​​ပေး​ကြောင်​း သိရသည်​။

ထို မြန်မာ့ရိုးရာပန်း ၁၀ မျိုးအနက် ပန်းတဉ်းတံဆိပ်ခေါင်း မတိုင်မီက ပန်းပဲ၊ ပန်းတိမ်တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း၊ ပန်းတဉ်းပညာရပ်သည်ကြေးနီ၊ ကြေးဝါဖြင့်ကြေးထည်ပစ္စည်းများပြုလုပ်သော ပညာရပ်ဖြစ် ကြောင်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာသာသနာတော်ဆိုင်ရာ ရုပ်တုတော်မ​ျား၊ ခေါင်းလောင်း၊ ကြေးစည်တူရိယာစသည့်ပစ္စည်းများကို ပန်းတဉ်းပညာရပ်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်​မာနိုင်​ငံတွင်​ တံဆိပ်​​ခေါင်​းများကို ​ငွေနှင်​့တန်​ဖိုးတူညီ​သော စာပို့ခ/ မှတ်​ပုံတင်​ခ အ​နေဖြင်​့ထုတ်​​ဝေ အသုံးပြုကြသည်​။ ထို့ပြင်​ တံဆိပ်​​ခေါင်​းစု​ဆောင်​းသူဝါသနာရှင်​များအ​နေဖြင်​့လည်​း တံဆိပ်​​ခေါင်​းအသစ်​စတင်​ထုတ်​​ဝေ​ရောင်​းချပြီဆိုလျှင်​ စာတိုက်​ကြီးများတွင်​ လာ​ရောက်​ဝယ်​ယူစု​ဆောင်​းကြ​ကြောင်​း ရန်​ကုန်​စာတိုက်​ကြီး လက်​​​ထောက်​အ​ထွေ​ထွေမန်​​နေဂျာရုံးမှ သိရသည်​။

       

မင်​းခ






အခြားဆက်စပ်သတင်းများ