နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်မှုများကို ရင်ဆိုင်ရမည့် ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်သူဦးရေ တစ်သန်းကျော်ရှိ

စစ်တွေ၊ ဩဂုတ် ၂၈


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်တားဆီးရန်အတွက် ချမှတ်လိုက်သောကန့်သတ် တားဆီးမှုများကို ရခိုင်ပြည်နယ်အတွင်း၌ ရင်ဆိုင်ရမည့်သူဦးရေမှာ တစ်သန်းကျော်ရှိကြောင်း စီအန်အေ သတင်းဌာနက ဖော်ပြ သည်။

ရခိုင်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု အတည်ပြုနိုင်သူ ၁ဝဝ ကျော်ခန့်အား ရက်အနည်းငယ်အတွင်း တွေ့ရှိခဲ့ပြီးနောက်တွင် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မလိုအပ်ဘဲ သွားလာခြင်းများကို ကန့်သတ်ခြင်းအပါအဝင် တားမြစ်ကန့်သတ်ချက်များ ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြို့တော်စစ်တွေတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူများ နေထိုင်သည့်နေရာများကို သီးသန့် ခွဲခြားထားရှိကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ညမထွက်ရ အမိန့်ကိုပါ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှအခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်ခွင့်များကိုပါ ပိတ်ပင်ခဲ့သည်။ ကန့်သတ်တားဆီးမှုများ ချမှတ်ခဲ့ခြင်းကြောင့်  ရခိုင်ပြည်နယ်အတွင်းရှိ  စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေသူများနှင့် ယာယီခိုလှုံ ရေးစခန်းများတွင်နေထိုင် လျက်ရှိသူများအနေဖြင့် စားဝတ် နေရေးပြဿနာ အပါအဝင် အခြားအကျပ်အတည်းများ ရင်ဆိုင်ရနိုင်၍ ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းပေးရမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ