နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ စစ်တွေမြို့သို့ ထပ်မံရောက်ရှိ

ရန်ကုန်   ဩဂုတ်  ၂၈


ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ညွှန်ကြားရေးမှူးအဆင့်ရှိ ကူးစက်ရောဂါဗေဒပညာရှင် ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် အားဖြည့်ဆောင်ရွက်မည့် "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ ကျန်းမာရေးမှူး၊ သူနာပြုများ၊ ဓာတ်မှန်ပညာရှင်များ၊ ဆေးဝါးပညာရှင်နှင့် သားဖွားဆရာမများသည် သြဂုတ် ၂၇ရက် နေ့လယ်ပိုင်းတွင် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်။

အဆိုပါ အဖွဲ့များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ်           ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက်ကြိုဆိုခဲ့ကြသည်။

အဆိုပါ "COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)" နှင့် ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြသည့်  ညွှန်ကြားရေးမှူး (၁)ဦး၊  ဒုတိယညွှန်ကြားရေးမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (၆) ဦး၊  အထက်တန်းသူနာပြု (၅) ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၁) ဦး၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဓာတ်မှန်) (၂) ဦး၊ ဆေးဘက်ကျွမ်းကျင် - ၂ (ဆေးဝါး) (၁) ဦး၊ သူနာပြု (၂၀) ဦးနှင့်သားဖွားဆရာမ (၃) ဦးတို့ ပါဝင်သည်။

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သြဂုတ် ၂၇ ရက်က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ