နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းသာမြို့တွင် A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝဓာတ်‌ငွေ့စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက်လူထုတွေ့ဆုံပွဲကျင်းပ

ချောင်းသာ    ဩဂုတ်     ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်တွင် ဩဂုတ် ၂၇ ရက်၊ နံနက် ၉ နာရီက A6 ရေနက်ကမ်းလွန်လုပ်ကွက်သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းများအကောင်အထည် ဖော်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအဆင့် လူထုတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Total ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိ ဦးစောဟဒ်စံမှ ကမ်းလွန် လုပ်ကွက် A6 နှင့်ပတ်သက်၍ အနည်းငယ်ရှင်းလင်းပြသပြီး Total ကုမ္ပဏီ၏ တွင်းတူးနှင့်ထုတ်လုပ်ရေးပညာရှင်ဦးတင်ဌေးကျော်မှ စီမံကိန်းအ‌ကြောင်းအရာကိုအစမှ အဆုံးအသေးစိတ်ရှင်းလင်းပြသပေးသည်။

ထို့နောက် Total ကုမ္ပဏီ၏ EIA ဆန်းစစ်ချက် ERM အကြီးတန်းအတိုင်ပင်ခံအရာရှိ ဦးနေဆန်းလင်းမှ ရေနက်ကမ်းလွန်လုပ်ကွက် A6 အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတို့ကို ရှင်းလင်းပေးကြောင်း သိရသည်။

အဆိုပါ စီမံကိန်းနေရာမှာချောင်းသာမြို့မှ ၂၅ မိုင်(၄၁ ကီလိုမီတာ)ခန့်အကွာတွင် တည်ရှိပြီး စီမံကိန်း အနေနဲ့ကမ်းရိုးတန်းမှ ၁၈ မိုင်(၂၉ ကီလိုမီတာ)ခန့်အကွာ(ပင်လယ်ရေအနက် ၁၀၀ မီတာ(၃၂၈ပေ)ခန့်)ရှိပလက်ဖောင်းတစ်ခုနှင့်ချိတ်ဆက်သွားပြီးထိုမှတစ်ဆင့်ရတနာRiser Platfornသို့ပိုက်လိုင်းဖြင့်ပေးပို့ကာပြည်တွင်းသုံးနှင့်ပြည်ပတင်ပို့ရန်အတွက်ယင်းမှထပ်ဆင့်ဖြန့်ဝေသွားမည်ဟု ရှင်းလင်းပြောကြားချက်များအရ သိရသည်။

ထို့နောက် တက်ရောက်လာကြသူများမှသိလိုသည့်အချက်အလက်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊‌ ချောင်းသာရေယာဉ်အသင်းမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ