နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MAI လေကြောင်းလိုင်းမှ ခရီးသည်တင် ပြည်ပလေယာဉ်ခရီးစဉ်များကို စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ရပ်နားထားမည်

ရန်ကုန်၊ ဩဂုတ် ၂၈


COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ နောက်ဆုံးထုတ်ပြန်ကြေညာချက်များနှင့်အညီအပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI) မှ ခရီးသည်တင် ပြည်ပလေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို လာမည့် စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

MAI  လေကြောင်းလိုင်းအနေဖြင့် ဗန်ကောက်၊  စင်ကာပူနှင့် ကာလကတ္တား စသည့်  ပြည်ပလေယာဉ် ခရီးစဉ်များ ကိုလာမည့်စက်တင်ဘာလ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီးကွမ်ကျိုးနှင့် ဆိုးလ်ခရီးစဉ် များကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိသောအခါကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)များ ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ယာယီရပ်ဆိုင်းထားသော ကာလအတွင်း လေယာဉ်ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအား Rebooking date ပြုလုပ်ခြင်းနှင့် Refund ပြုလုပ်ပေးခြင်းများကို MAI လေကြောင်းလိုင်းမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြန်အမ်းငွေထုတ်ပေးခြင်းမရှိသည့် Non-refundableလက်မှတ်များအတွက် Travel Voucher ပြန်အမ်းပေး မည်ဖြစ်ပြီး အဆိုပါ Travel Voucher များသည်လာမည့် ၂၀၂၁ခုနှစ်၊ မတ် ၃၁ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း၊ ပုံမှန်လက်မှတ်များအတွက်သတ်မှတ်ထားသည့် Terms & Conditionsနှင့်အညီ ပြန်အမ်းငွေများထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် MAI လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် ဆောင်ရွက်နိုင်ကြောင်းသိရသည်။                   


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ