နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ဝေးမြို့နယ်၊ မင်းလှမြို့နယ်နှင့် မင်းတုံးမြို့နယ်တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် ကျေးလက်ကျန်းမာရေးအဆောက်အဦးတစ်လုံး အမိုးလန်ပျက်စီး

လယ်ဝေး ဧပြီ ၂၁ ဧပြီ ၂၀ ရက်၊ ည ၈ နာရီ ၄၀ မိနစ်အချိန် လယ်ဝေးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သာယာကြီးကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၄ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အလားတူ ဧပြီလ ၂၀ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်အထိ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းတပ်ကျေးရွာ၌ သွပ်မိုး၊ အုတ်ကာ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦတစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဧပြီ ၂၀ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်မှ ၅ နာရီ ၂၀ မိနစ်အချိန်အထိ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘူးတောင်း(ရှေ့)ကျေးရွာ၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ