ရန်ကုန်၊ ဩဂုတ် ၂၈
အဲကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) မှ လေယာဉ်လက်မှတ်များကို Facebook Chatbot မှတစ်ဆင့် Booking တင်နိုင်စေရန် စီစဉ်ပေးထားပြီဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Air KBZ ၏ K7chatbot မှ တစ်ဆင့်ကိုယ်တိုင် Booking တင်၍ ပြည်တွင်းလေယာဉ်လက်မှတ်များ လွယ်ကူစွာဝယ်ယူနိုင်စေရန် စီစဉ်ပေးထားခြင်းဖြစ်ပြီး ငွေပေးချေရာတွင်လည်း ရွေးချယ်စရာစုံလင်လှသော Payment Channels များဖြစ်သည့် Credit/Debit Cards ၊ Wallets နှင့် Bank Channels များအပြင် နီးစပ်ရာ Air KBZလေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးချေနိုင်စေရန် စီစဉ်ပေးထားကြောင်း သိရသည်။
ထိုသို့ Air KBZ ၏ K7chatbot မှတစ်ဆင့် လေယာဉ်လက်မှတ် Booking တင်လိုသူများအနေနှင့် မိမိတို့၏ Facebook Messanger Search Box တွင် K7chat ဟု စာရိုက်ထည့်ပြီး Air KBZ ၏ K7chatbot သို့ ဝင်ရောက်နိုင်ကြောင်း၊ အဆိုပါ Air KBZ ၏ K7chatbot မှတစ်ဆင့် လေယာဉ်လက်မှတ် Booking တင်နည်း (၂)မိနစ်စာ ဗီဒီယိုဖိုင်ကို Air KBZ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။
ယင်းဗီဒီယိုဖိုင်တွင် Flight Booking တင်ခြင်းမှစပြီး Payment Channels များကိုသုံး၍ ငွေပေးချေခြင်းများ ဆောင်ရွက်ပုံအဆင့်အဆင့်ကို လွယ်ကူစွာလေ့လာနိုင်စေရန် ရှင်းပြထားကြောင်းနှင့် ယခု COVID-19 ကူးစက်ကာလအတွင်း Air KBZ လေကြောင်းလိုင်းဖြင့် ခရီးသွားလိုသူများအနေနှင့် လေယာဉ်လက်မှတ်များကို အချိန်ကုန်သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
(မိုးယံထက်)