နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်နယ်စပ်ကုန်သွယ်ရေးဈေးကွက်တွင် လွန်ခဲ့သည့်ဇူလိုင်လထက် ဖရဲသီး ပိုမိုတင်ပို့ရောင်းချ

ရန်ကုန် သြဂုတ် ၂၈


မူဆယ်နယ်စပ်ကုန်သွယ်ရေးဈေးကွက်တွင် ဖရဲသီးဈေးနှုန်းများကျဆင်းနေသော်လည်း ယခုဩဂုတ်လ တွင်လွန်ခဲ့သည့် ဇူလိုင်လကထက်ဖရဲသီးပိုမိုတင်ပို့ရောင်းချပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဋ္ဌာနသတင်းများအရ သိရသည်။ ကိုဗစ် ၁၉ ဖြစ်စဉ်ဖြစ်ရပ်များကြောင့် တရုတ်နိုင်ငံအနေနှင့် ၂၀၂၀ ပြည့်နှစ်မတ်လ ၂၉ ရက်မှ စတင်ကာ လက်ရှိအချိန်အထိတရုတ်နိုင်ငံသို့ လူဝင်ထွက်မှုများကိုကန့်သတ်ဆောင် ရွက်ခဲ့သည်။


အဆိုပါ ဆောင်ရွက်မှုများကြောင့်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သစ်သီးဝလံများသွားရောက် ရောင်းချနေသည့် သစ်သီးကားများမှာတရုတ်နိုင်ငံ (ဝမ်တိန်) သစ်သီးကွင်းအထိ သွားရောက်ရောင်းချပေးနေ ခဲ့သည်။ မြန်မာနိုင်ငံသစ်သီးကားများမှာ ဝမ်တိန်အထိသွားရောက်ရောင်းချပေးနေရသော်လည်း မြန်မာသစ်သီး ကားဒရိုင်ဗာများမှာ တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်မပြု။


အဆိုပါ ဝမ်တိန်ကွင်းတွင် တရုတ်နိုင်ငံဖက်မှဒရိုင် ဘာများဖြင့်သာ အဝင်အထွက်ပြုလုပ်ကြရသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ဝင်ပေါက်တစ်ခုဖြစ်သည့် ကျိန်စန်း ကျော့ဂိတ်ကိုလည်းယခင်က မြန်မာစံတော်ချိန်(၈)နာရီအထိ ခွင့်ပြုပေးခဲ့ရာမှဇွန်လ ၂ ရက်မှစတင်ကာ ညနေ ၄ နာရီသို့ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဖရဲသီးတင်ပို့ရောင်းချမှုမှာလည်း လျော့ကျလာခဲ့သည့် အပြင်ဈေးနှုန်းများလည်း ကျဆင်းလာခဲ့သည်။ လွန်ခဲ့သည့်ဇူလိုင်လအတွင်းတွင် ဖရဲသီးတစ်တန်လျှင်ပျမ်းမျှ ယွမ် ၁၀ဝ၀ ခန့်ပေါက်ဈေးရှိနေသော်လည်း ယခုဩဂုတ်လအတွင်းတွင် တစ်တန်လျှင်ယွမ် ၆၅၀ အထိဈေးနှုန်းများကျဆင်းသွားခဲ့သည်။


ထိုသို့ဈေးနှုန်းများကျဆင်းသွားခဲ့သော်လည်း ဖရဲတင်ပို့မှုမှာလွန်ခဲ့သည့် ဇူလိုင်လက ထက်ပိုမိုတင်ပို့ရောင်းချပေးခဲ့ရသည်ဟုဆိုသည်။လွန်ခဲ့သည့်ဇူလိုင်လတစ်လလုံးတွင်း တရုတ်နိုင်ငံ သို့ဖရဲတန်ချိန် ၂၂၈ တန်သာတင်ပို့ရောင်းချပေးခဲ့ရသော်လည်းဩဂုတ်လအတွင်းတွင် ၁ ရက်နေ့မှ ၁၇ ရက် အထိ ဖရဲတန်ချိန် ၇၅၂ တန်အထိတင်ပို့ ရောင်းချပေးခဲ့ရသည်ဟုဆိုသည်။ ထိုသို့ တင်ပို့ရောင်းချပေးခဲ့ရာတွင် သြဂုတ်လ ၁ ရက်မှ ၇ ရက် အထိ ဖရဲသီးတင်ပို့မှုကား ၁၃ စီး၊ တန်ချိန်အား ဖြင့် ၁၄၉ တန်၊ သြဂုတ်လ ၈ ရက်  မှ ၁၄  ရက်အထိ ဖရဲသီးကား ၄၄ စီး၊ တန်ချိန်အားဖြင့်  ၅၃၆ တန်၊ သြဂုတ်လ  ၁၅ ရက်မှ  ၁၇ ရက်အထိ ဖရဲသီးကား ၅ စီး၊ တန်ချိန်အားဖြင့် ၆၇ တန်၊ ဩဂုတ်လ ၁ ရက်မှ ၁၇ ရက်အထိ ဖရဲသီးကား ၆၂ စီးတန်ချိန်အားဖြင့် ၇၅၂ တန်တင်ပို့ရောင်းချပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


 ကိုသာစစ်






အခြားဆက်စပ်သတင်းများ