နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရွာသွန်းမှုများပြားနေသဖြင့် ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက် အေးစက်တည်ငြိမ်

ရန်ကုန် သြဂုတ် ၂၈


မိုးရွာသွန်းမှုများပြားနေသဖြင့် ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက် အေးစက်တည်ငြိမ်နေကြောင်း ဘိုကလေးနှင့်ကျိုက်လတ်မြို့နယ်များမှ ဒေသခံဆန်စပါးကုန်သည်များထံမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခုဩဂုတ်လတတိယပတ်မှစတင်ကာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးရွာသွန်းမှုများပြားနေသဖြင့် တိုင်းဒေသကြီး အတွင်းရှိ ဆန်စပါးဈေးကွက်များ အေးစက်တည်ငြိမ်နေခြင်းဖြစ်သည်။ မိုးရွာသွန်းမှုများပြားနေသဖြင့် သယ်ယူပို့ဆောင်ရေးခက်ခဲမှုရှိနေသကဲ့သို့ ပြည်ပဝယ်လက်များနယ်ဆင်းဝယ်ယူခြင်းမရှိသဖြင့် ဈေးကွက် အေးစက်နေခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် တိုင်းဒေသကြီးအတွင်းရှိဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လ မြိုင်ကျွန်း၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြစသည့်မြို့နယ်ဒေသများတွင် ဩဂုတ်လဒုတိယပတ်အထိ ဆန်စပါး ဈေးနှုန်းများ မြင့်တက်နေပြီး ဈေးကွက်သွက်လက်လှုပ်ရှားနေခဲ့ကာ တတိယပတ်မှစတင်၍ ဈေးကွက် အေးစက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးနှုန်းများမှာလည်းအတက် အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေသည်ဟုဆိုသည်။


လက်ရှိတွင်တိုင်းဒေသကြီးအတွင်း၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိနေသော်လည်း ဧည့်မထမိုးစပါး (၄၆) ပေါင်တင်း  ၁၀ဝ ကို ငွေကျပ် ၅၉၀ဝ၀ဝ ကျပ်မှ ၆၀ဝ၀ဝ၀ ကျပ်ဝန်းကျင်၊ အဆိုပါ ဆန်တစ်အိတ်ကိုပျမ်းမျှငွေကျပ် ၂၅၀ဝ၀ ကျပ်မှ  ၂၇၀ဝ၀ ကျပ်၊ နွေသီးထပ်ရင်စပါး ၄၆ ပေါင်တင်း (၁၀ဝ) ကိုငွေကျပ် ၅၇၀ဝ၀ဝ ကျပ်မှ ၅၉၀ဝ၀ဝ ကျပ် ဝန်းကျင်၊ အဆိုပါ ဆန်တစ်အိတ်ကိုပျမ်းမျှငွေကျပ် ၂၃၀ဝ၀ ကျပ်မှ ၂၅၀ဝ၀ ကျပ်၊ ပေါ်ဆန်စပါး (၄၆) ပေါင်းတင် (၁၀ဝ) ကိုငွေကျပ် ၇၆၀ဝ၀ဝ ကျပ် မှ  ၇၉၀ဝ၀ဝ ကျပ်၊ အဆိုပါ ဆန်တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၃၅၀ဝ၀ ကျပ်မှငွေကျပ် ၃၇၀ဝ၀ ကျပ်ပေါက်ဈေးရှိနေကြောင်းသိရသည်။


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ