နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းသား တစ်ဦးနဲ့ ချဲလ်ဆီးအသင်းသား လေးဦး ဗိုင်းရပ်စ်ကူးစက်

ဩဂုတ်  ၂၈


အသက် ၂၇ နှစ်အရွယ်ပေါ့ဂ်ဘာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အကြောင်းကို ပြင်သစ်နည်းပြ ဒက်ချမ့်စ်က အတည်ပြုပြောဆိုခဲ့ပါတယ်။ မန်ယူအသင်းသား ပေါ့ဂ်ဘာဟာ နေရှင်းလိဂ်ပွဲကစားဖို့ ပြင်သစ်ကိုရောက်ရှိ နေတာပါ။ သေချာပေါက် ပြင်သစ်လူစာရင်းမှာပါဝင်မယ့်သူပါ။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် သူ့နေရာကိုအစားထိုးရတော့မှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ရောဂါပျောက်ကင်းဖို့အတွက်သာ အားထုတ်နေရ တာကြောင့် တစ်ဦးတည်းသီးသန့်နေပြီး လိုအပ်တဲ့ကုသမှုတွေခံယူနေရပါတယ်။


ပေါ့ဂ်ဘာ ဗိုင်းရပ်စ်ကူးစက်ခံ ရတာကြောင့် ယူနိုက်တက်အတွက်လည်း အနည်းငယ်စိုးရိမ်ဖွယ်ဖြစ်လာပါတယ်။ ရာသီကြိုပြင်ဆင်မှုစတင်ဖို့ ခရီးသွားရာကနေ ဗြိတိန်ကိုပြန်လာသူတိုင်း ၁၄ ရက်ကြာ စောင့်ကြည့်ရဦးမှာဖြစ်တာကြောင့် လူစုံလေ့ကျင့်ဖို့မရှိတဲ့အချိန်မှာပဲ ပေါ့ဂ်ဘာရဲ့သတင်းက စိုးရိမ်စရာဖြစ်လာတာပါ။


ချဲလ်ဆီးအသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ခန်းဆင်းဖို့ ပြီးခဲ့တဲ့အပတ်တုန်းက ဆေးစစ်မှုခံယူခဲ့ရာ မှာတော့ ကစားသမားလေးဦးဗိုင်းရပ်ကူးစက်ခံထားရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဒီလေးဦးစလုံး ကွာရန်တင်းဝင်လျက်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘယ်သူတွေ ကွာရန်တင်းဝင်ရတာလဲ ဆိုတာ အတိအကျတော့မသိရသေးပါဘူး၊ ချဲလ်ဆီးကစားသမားလေးဦး ကွာရန်တင်းဝင်တဲ့နေ့မှာပဲ ချဲလ်ဆီးဟာ လက်စတာစီးတီးအသင်းက အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘင်ချဲလ်ဝဲလ်ကို ပေါင် သန်း ၅၀ နဲ့ခေါ်ယူခဲ့ပါတယ်။


Daily Mail သတင်းစာကြီးက ချဲလ်ဆီးကစားသမားခြောက်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း၊ ကစားသမားရှစ်ဦးအထိ ကွာရန်တင်းဝင်နေရကြောင်း၊ ဒီအားကစားသမားတွေထဲမှာ ဂရိကိုအပန်းဖြေသွားခဲ့ကြတဲ့ မေဆန်မောင့်၊ အေဘရာဟမ်၊ နူလီဆစ်တို့ပါဝင်ကြောင်း ဖော်ပြသွားပါတယ်။  ပရီးမီးယားလိဂ်စတင်ကာနီး ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေဟာ စိုးရိမ်စရာတွေဖြစ်လာပါတယ်။                                                                                                    


(SO)






အခြားဆက်စပ်သတင်းများ