နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်းရဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် အကောင်းဆုံးဆုများ

ဩဂုတ်  ၂၈


ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးအားကစားသမားဆုကို ကွင်းလယ်လူ မက်တီယိုကိုဗာဆစ်က ဆွတ်ခူးရရှိသွားပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုကို စကော့တလန်လူငယ်ကွင်းလယ်ကစားသမား ဘီလီဂီလ်မာက ဆွတ်ခူးခဲ့ပါတယ်။
ချဲလ်ဆီးအမျိုးသမီးအသင်းရဲ့  အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုတော့ တိုက်စစ်မှူး ဘတ်သနီ (အင်္ဂလန်)က ဆွတ်ခူးသွားပါတယ်။ ချဲလ်ဆီးရဲ့ အကောင်းဆုံးသွင်းဂိုးဆုကိုတော့ နောက်ခံလူ ဖီကာယိုတိုမိုရီရဲ့ ဝုဒ်အသင်းနဲ့ကစားတဲ့ ၅-၂ နဲ့ နိုင်တဲ့ပွဲမှာ အဝေးကန်ချက်သွင်းဂိုးက ဆွတ်ခူးသွားခဲ့ပါတယ်။               


   (SO)







အခြားဆက်စပ်သတင်းများ