ရန်ကုန် ဩဂုတ်လ ၂၈ ရက်
Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ၂၆-၈-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ၂၇-၈-၂၀၂၀ ရက်နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုစေရန်ဖြစ်ကြောင်း၊ တာဝန်အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ မဖြစ်မနေ ခရီးသွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပေးသည့် ခရီးသွားလာခွင့်အမိန့်နှင့် အထောက်အထား ပါရှိမှသာ သွားလာစေရန်ဖြစ်ကြောင်း၊ လမ်းခရီးတစ်လျှောက်တွင်ဖြစ်စေ၊ သွားရောက်လိုသည့်နေရာသို့ ရောက်ရှိစဥ်တွင် ဖြစ်စေ၊ တာဝန်ရှိသူများက စစ်ဆေးပါက ပြသနိုင်ရန်ဖြစ်ကြောင်း၊ ခရီးစဥ် ပြီးဆုံး၍ နေရပ်သို့ပြန်လည်ရောက်ရှိချိန်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပေးထားသည့် ခရီးသွားလာခွင့်အမိန့်နှင့် အထောက်အထားများအား ပြန်လည်အပ်နှံစေရန်ဖြစ်ကြောင်း သိရှိရသည်။
သွင်မောင်မောင်