နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ မိခင်ဌာနတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက မည်သို့ဆောင်ရွက်သင့်သည်ကို ညှိနှိုင်းဆွေးနွေး

ရန်ကုန် ဩဂုတ် ၂၇


   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် ပညာသင်ကာလပြီးဆုံး၍ ပြန်လည်ရောက်ရှိပါက မိခင်ဌာနတွင် သတ်မှတ်ထားသည်ကာလအတိုင်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက မည်သို့ဆောင်ရွက်သင့်သည်ကို နိုင်ငံခြားပညာတော် သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၇ ရက်၊ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ လူ့စွမ်းအားဖွံ့ဖြိုးရေးကော်မတီ HRD ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူ့စွမ်းအားဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌက နိုင်ငံခြားပညာတော်သင် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက လုပ်ထုံး လုပ်နည်းများ၊ ပညာတော်ဆုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းစိုးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်ရှင်းလင်းတင်ပြ ပြီးတက်ရောက်လာကြသည့် လူ့စွမ်းအားဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များက နိုင်ငံခြားပညာတော်သင်များ စေလွှတ်မှုနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော ဆောင်ရွက်ရန် ကိစ္စရပ်များ ပျက်ကွက်ခဲ့မှုရှိပါက ပေးဆောင်ရမည့်လျော်ကြေး၊ အာမခံပေးမှုများနှင့် အရေးယူဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း-ကျော်စိုး၊ ဓာတ်ပုံ ရွှေဝင်း






အခြားဆက်စပ်သတင်းများ