ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ကိုကျော်သီဟ၊ ဒေါလဲ့လဲ့ထွန်း ဦးဆောင်သော ဂျယ်ဂျူးမြန်မာ လူငယ်ပရဟိတအဖွဲ့မှ ဩဂုတ် ၂၇ ရက်၊ နံနက်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသော မြို့နယ်နေပြည်သူများအား အာဟာရဒါနအတွက် လှူဒါန်းငွေ ၃၀၀၀၀၀ တန်ဖိုးရှိ ကြာဆံကြော်ဘူး ၂၀၀၊ ကြက်ဥပြုတ်အလုံး ၄၀၀၊ ကွေကာအုပ်အထုပ် ၄၀၀၊ ပေါင်မုန့်အလုံး ၂၀၀ တို့ကို သွားရောက်လှူဒါန်းပေးခဲ့ရာ ကျန်းမာရေးတာဝန်ကျသူနာပြု ဆရာမကြီးမှ လက်ခံရယူစဉ်။
မြင့်သန်းကြည်(ရွှေပြည်သာ)