နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းအား ကန့်သတ်ထားသည့်ကာလကို ထပ်မံတိုးမြှင့်

 ရန်ကုန်  ဩဂုတ်  ၂၇


နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနို်င်ငံသို့ ပျံသန်းဆင်းသက်ခြင်းအား ယာယီ ကန့်သတ်ထားမှုဆိုင်ရာညွှန်ကြားချက်၏ သက်ရောက်မှုကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာသည်။

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက် နှင့်အညီ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ပျံသန်းဆင်းသက်ခြင်းအား ယာယီကန့်သတ်ထားသည့်ကာလကို ယခင်က သြဂုတ်လ ၃၁ ရက်အထိဟူ၍ သတ်မှတ်ထားရာမှ ယခု တစ်ဖန် လာမည့် စက်တင်ဘာလ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အလားတူ ပြည်တွင်းမှ ပြည်ပခရီးသည်တင် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်းများအနေနှင့်လည်း ယင်းတို့၏ ပြည်ပနိုင်ငံများသို့ ခရီးသည်တင်လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းများကို လာမည့်စက်တင်ဘာလ ၃၀ ရက်အထိ ဆက်လက်ရပ်နားထားမည်ဖြစ်ပြီး ထိုကာလအတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။                        


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ