နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ဆိပ်သာမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လာနိုင်

ပခုက္ကူ     ဩဂုတ်   ၂၇


ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ဆိပ်သာမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ(၂၆)ရက်နေ့ထုတ်ပြန်သတင်းများအရ သိရသည်။ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်သည်(၂၁၅၀)စင်တီမီတာဖြစ်သည်။ ပခုက္ကူမြို့တွင် ဩဂုတ်လ(၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ မိုးရေချိန်မှာ(၂ဒသမ၄၀)လက်မဖြစ်သည်။

ထို့ကြောင့် ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်(၂၁၅၀)သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း ပေဝက်ခန့်ဆက်လက်တက်လာနိုင်သဖြင့် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်သည်ဟုဆိုသည်။ ညောင်ဦးမြို့၏စိုးရိမ်ရေမှတ်မှာလည်း (၂၁၆၀)စင်တီမီတာဖြစ်သည်။

ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန်တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည်(၂၁၆၂)စင်တီမီတာသို့ရောက်ရှိနေသဖြင့် စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါမြစ်ရေ သည်လက်ရှိရေမှတ်မှနောက်(၂)ရက်အတွင်း ပေဝက်ခန့်ဆက်လက်တက်လာနိုင်ကာ ညောင်ဦးမြို့၏           စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်။ ထို့အတူ ဆိပ်သာမြိုတွင် ဧရာဝတီမြစ်ရေသည် ဩဂုတ်လ (၂၆)ရက်နေ့၊ နေ့လည်(၁၂)နာရီခွဲအချိန်တိုင်းထွာချက်များအရ (၁၂၁၃)စင်တီမီတာသို့ရောက်ရှိနေပြီး ဆိပ်သာမြို့၏ စိုးရိမ်ရေမှတ်မှာ(၁၂၀ဝ)စင်တီမီတာဖြစ်သည်။ ထို့ကြောင့် ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည်လက်ရှိရေမှတ်မှ နောက်(၃)ရက် အတွင်း(၂)ပေခန့်ဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးထားကြောင်းသိရသည်။                             


ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ