နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်နှင့် နည်းပြမှတ်ပုံတင်လက်မှတ်ချီးမြှင့်

ရန်ကုန်၊ ဩဂုတ် ၂၇


မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ် နှင့် နည်းပြမှတ်ပုံတင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၂၇ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ မအူကုန်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီက အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်နည်းပြလက်မှတ်နှင့် နည်းပြမှတ်ပုံတင်လက်မှတ်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါဂုဏ်ထူးဆောင်နည်းပြလက်မှတ်ရရှိသူ ဆရာကြီး မောင်ဗမာစိန်မောင်၊ ဦးရဲမြင့်၊ ဦးကျော်စိန်သန်း ဒေါ်ရီရီဝင်း၊ ရဲမှူးချုပ် မောင်မောင်သန်း(ငြိမ်း)တို့အား လည်းကောင်း အဖွဲ့ချုပ်မှအမှုဆောင်ဒိုင်လူကြီး ၁၈ ဦး တို့အား နည်းပြမှတ်ပုံတင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်အနေဖြင့် လေ့ကျင့်ရေးနှင့် ကိုယ်ဟန်ပြသခြင်း နည်းစံနစ်များကို ကောင်းစွာကျွမ်းကျင်တတ်မြောက်ပြီးဖြစ်သည်ဟု အသိအမှတ်ပြု၍ နည်းပြအရည်အချင်း သတ်မှတ်ချက်များနှင့် မှတ်ပုံတင်ဂုဏ်ထူးဆောင်နည်းပြလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ