နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပခရီးသွားဝင်ရောက်မှု မျှော်လင့်ချက်ဝေးသွားပြီဟု UMTA ဥက္ကဋ္ဌပြော

ရန်ကုန် သြဂုတ် ၂၇


Covid-19 ဒုတိယလှိုင်းပြန်လည်ကူးစက်လာမှုကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုမှာ မျှော်လင့်ချက်ဝေးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းကူးစက်မှုပြန်လည်မြင့်တက်လာသည့်အတွက် ခရီးသွားအခြေအနေနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မျှော်လင့်ချက်က နဂိုထက်ပိုဝေးသွားတယ်၊ မှန်းထားတာက အောက်တိုဘာလလောက်ဆိုရင် လေကြောင်း လိုင်းတွေပြန်ဖွင့်လောက်ပြီ၊ နိုဝင်ဘာလောက်ဆိုရင် ဧည့်သည်ပြန်ဝင်လာနိုင်တယ်ပေါ့၊ အခုကျတော့ Lock Down တောင်ပြန်ချရမဲ့အနေအထားဖြစ်နေတယ်၊ ခရီးသွားနဲ့ပတ်သက်ပြီး မမျှော်မှန်းရဲအောင်ဖြစ်နေတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၄ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၀ တွင် ၅ သန်း ဝင်ရောက်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။ ယခုအခါ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ခရီးသွား ကဏ္ဍမှာ သုညရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဝင်ငွေမှာလည်း ထိခိုက်မှုရှိနေကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ