နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင် မြို့နယ် ၆၄ လမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဩဂုတ်လ ၂၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၆၄လမ်း၊ အမှတ်(၃၂)တွင်ဩဂုတ် ၂၆ ရက်  ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုမှာ နှစ်ထပ်ပျဉ်ထောင်အိမ် New T&P Online Shopping ဆိုင်အပေါ်ထပ်မှ ဝါယာရှော့ ဖြစ်ပွားကာမီးလောင်ကျွမ်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ပြီ မီးသတ် ယာဉ် (၆)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊မြို့နယ်မီးသတ်တပ်ဖွဲ့မှူးဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၈၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ည ၁၁ နာရီခွဲအချိန်တွင်မီးငြိမ်းခဲ့ပြီးလျှပ်စစ်အလှ ဆင် မီးထွန်းထားရာမှအပူလွန်ကဲပြီ မီးပလတ်ခုံနှင့်သစ်သားနံရံအားမီးလောင်ခဲ့ရာဆုံးရှုံးမှုတန်ဖိုးမှာ(၁၀၀၀၀)ကျပ် ခန့်ဖြစ်ကြောင်းသိရသည်။ မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ပရဟိတ အဖွဲ့ဝင်များဝိုင်းဝန်းကူညီခဲ့ကြောင်းသိရှိရသည်။


သတင်းပေးပို့သူ-သိန်းသိန်း(ဗိုလ်တထောင်)






အခြားဆက်စပ်သတင်းများ