နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ရှိအပင်များရှင်း၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၇


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက် သခင်ဖိုးလှကြီးလမ်းတွင် လဲမှို့ပင် လဲပြိုမှု၊ သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ဘုရင့်နောင်လမ်းသွယ်(၂)တွင်ဗန်ဒါပင်လဲပြိုမှု နှင့် (င/ခ)ရပ်ကွက် မီးရထားရိပ်သာလမ်းတမာပင်လဲပြိုမှုတို့အားရှင်းလင်းခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသည့်အပင်များရှင်းလင်းခြင်း၊ အလုံမြို့နယ် သခင်မြပန်းခြံရှေ့ ဆိုင်းဘုတ်ကွယ်ကိုင်းများရှင်းလင်းခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမအိမ်ရာတွင် မြက်ခြုံများရှင်းလင်းခြင်း၊ သာကေတမြို့နယ် ဧရာဝဏ်အဝိုင်းတွင် အာဆီယံသပြေပင်များတိုးချဲ့စိုက်ပျိုးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ