နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲအရာရှိတွေကိုခုခံသူကြီး၊ အမိန့်မနာခံသူကြီး၊ လာဘ်ထိုးတဲ့သူကြီး မက်ဂွိုင်းယားရဲ့ဘဝ

  ဩဂုတ်  ၂၇


မန်ယူအသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား ဂရိမှာဖြစ်ပွားခဲ့တဲ့ရန်ပွဲမှာ ပါဝင်ခဲ့တာကြောင့်ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ မက်ဂွိုင်းယားဟာ မန်ယူအသင်းခေါင်းဆောင်အပြင် အင်္ဂလန်အသင်းမှာ လည်းပါဝင်အရွေးချယ်ခံထားရတဲ့သူပါ။


ဒါပေမယ့် ဒီရန်ပွဲကြောင့် အင်္ဂလန်နည်းပြကြီး ဆောက်ဂိတ်က အင်္ဂလန်အသင်းကနေ မက်ဂွိုင်းယားကို ပြန်လည်ထုတ်ပယ်လိုက်ပြီလို့ကြားသိရပါတယ်။ မက်ဂွိုင်းယားဟာ ရဲအရာရှိတွေကို ပြန်လည်ခုခံမှု၊ အမိန့်မနာခံမှုတွေရှိခဲ့ပြီး ရဲစခန်းအရောက်မှာလည်း လာဘ်ထိုးဖို့ကြိုးစားခဲ့မှုတွေ ထင်ရှားခဲ့တာကြောင့် တရားရုံးကအပြစ်ဒဏ်ချမှတ်ခဲ့တာပါ။


မက်ဂွိုင်းယားဟာ ဒီပြစ်မှုက ပထမဆုံးဖြစ်ပွားတဲ့ ပြစ်မှုဖြစ်နေ တာရယ်၊ စွပ်စွဲချက်တွေမှာ လွဲမှားတဲ့အချက်အလက်တွေပါဝင်နေတာရယ်ကြောင့် ဆိုင်းငံ့ထောင်ဒဏ်သာ ချမှတ်ခံခဲ့ရတာပါ။ ထောင်ဒဏ်ကတော့ ၂၁ လနဲ့ ၁၀ ရက်ပြစ်ဒဏ်ပါ။ မက်ဂွိုင်းယားဟာ ဒီရန်ပွဲဖြစ်ပွားမှု ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့လည်းကြားသိရပါတယ်။ အယူခံဝင်ဖို့ သူ့ရဲ့ရှေ့နေကိုညွှန်ကြားထားပြီး ကြောင်း သိရပါတယ်။


ဒီစီရင်ချက်ချမှတ်တဲ့တရားရုံးကို မက်ဂွိုင်းယားသွားရောက်ခြင်းမရှိဘဲ ဖခင်ဖြစ်သူ အလန်သာသွားရောက်ကြားနာခဲ့တယ်လို့သိရပါတယ်။ မက်ဂွိုင်းယားနဲ့အတူ အစ်ကိုဖြစ်သူ ဂျိုး၊ ရှာမန် တို့လည်း ပြစ်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပါတယ်။ သူတို့သုံးဦးစလုံးကတော့ စွဲချက်တွေအားလုံးကိုငြင်းဆိုထားပါတယ်။  
မန်ယူအသင်းကလည်း “မက်ဂွိုင်းယားက သူပြစ်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်”လို့ ရေးသားထုတ်ပြန်ခဲ့ပါတယ်။


ရဲတပ်ဖွဲ့က “မက်ဂွိုင်းယား ရဲစခန်းကိုရောက်ရှိချိန်မှာ သူကချမ်းသာကြွယ်ဝကြောင်း၊ မန်ယူအသင်းခေါင်းဆောင်ဖြစ်ကြောင်းနဲ့ ငွေပေး နိုင်တယ်လို့ပြောဆိုခဲ့ကြောင်း” တရားရုံးကိုလျှောက်လဲချက်ပေးခဲ့ကြောင်း သိရပါတယ်။ ရန်ပွဲမှာ ပါဝင် မဝင် မက်ဂွိုင်းယားကတော့ ပြစ်ဒဏ်လဲချမှတ်ခံရ၊ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ချန်လှပ်ခံရ၊  မန်ယူရဲ့ အသင်းခေါင်းဆောင်နေရာပါလှုပ်လာတာကြောင့် မက်ဂွိုင်းယားတစ်ယောက် အဆိုးရွားဆုံးအချိန်ကာလ တွေကို ဖြတ်ကျော်ရတော့မယ့်ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။                                                               


  (SO)






အခြားဆက်စပ်သတင်းများ