ဩဂုတ် ၂၇
ဘောလုံးပွဲတစ်ပွဲမှာ ကွင်းထဲမှာပွဲစဖို့စောင့်နေတဲ့အသင်းနဲ့ ယှဉ်ပြိုင်မယ့်အသင်း ကွင်းထဲကိုအချိန်မီ မရောက်လာခဲ့ရင် ကွင်းထဲမှာရှိနေတဲ့အသင်းကို ၃-၀ နဲ့ အနိုင်လို့ UEFA က စည်းကမ်းသတ်မှတ်ထားခဲ့ပါတယ်။ ယခု ယူရိုပါလိဂ်ကွာလီဖိုင်းယားပွဲစဉ်မှာ လင်ကွန်းရက်စ်အသင်းနဲ့ ပရစ်ရှ်တီနာအသင်းယှဉ်ပြိုင်ရမယ့်ပွဲမှာ ကိုဆိုဗိုနိုင်ငံအသင်း ပရစ်ရှ်တီနာဟာ လာရောက်ယှဉ်ပြိုင်ကစားဖို့ရောက်လာပေမယ့် ပရစ်ရှ်တီနာအသင်း ကစားသမားရှစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ဆိုပြီး ဂျီဘရော့တာဝန်ရှိသူတွေက ကွင်းထဲကိုပေးမဝင်ဖို့ဆုံးဖြတ် ခဲ့ကြတာပါ။
ဒါကြောင့် UEFA က ဒီပွဲကိုလာမယ့် စနေနေ့(၃၀)ရက်မှာ ပြန်ကန်ပွဲအဖြစ်သတ်မှတ်ခဲ့တဲ့အတွက် ပရစ်ရှ်တီနာတို့ ကံကောင်းတယ်ခဲ့တယ်လို့ဆိုရမှာပါ။ UEFA ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ပုံစံအသစ်အဖြစ် ပရိသတ်တို့နားလည်ရခက်နေကြပါတယ်။ ကိုဗစ်ကာလဖြစ်နေတာကြောင့် အခုလိုအခြေအနေမျိုးကြုံလာရင် ပွဲကို ပြန်စီစဉ်ပေးမှာဖြစ်ကြောင်း၊ ပိုးတွေ့ကစားသမားတွေအတွက်အသင်းဟာ ပြိုင်ဘက်တွေကနေ ကစားသမားငှားလို့ရတယ်ဆိုတဲ့ စည်းမျဉ်းလည်းရှိပါတယ်။ ဒီစည်းမျဉ်းအရ ပရစ်ရှ်တီနာဟာ ပြန်ကစားခွင့်၊ လိဂ်အတွင်းက ပြိုင်ဘက်ကစားသမားတွေကို တစ်ပွဲနှုန်းနဲ့ ပိုးတွေ့သလောက်ငှားနိုင်ဖို့ပါအခွင့်ရနေပါတယ်။ ပြန်ကစားမယ့်ရက်မှာ အားလုံးပြန်ကောင်းလာရင်တော့ ကိုယ့်လူတွေနဲ့ကိုယ်ပြန်ကစားရမှာပါ။
(SO)