ဩဂုတ် ၂၇
မကြာသေးခင်ကမှ အပြေး(တာတို)သမားဘဝကနေ အနားယူသွားတဲ့ အသက် (၃၄)နှစ်အရွယ် ဂျမေကာ အားကစားသမား အူစိန်ဘော့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရတာကြောင့် ဆေးစစ်မှုခံနေရပါတယ်လို့ ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒီသတင်းကို အူစိန်ဘော့ သိပြီးဖြစ်မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေရဲ့ လမ်းကြောင်းတွေကို ရှာဖွေနေကြပါတယ်။ မီဒီယာတွေရဲ့သတင်းအရ ဘော့ဟာ ဆေးစစ်မှုအဖြေကို စောင့်နေပြီး ကိုယ်တိုင် Q ဝင်နေပါတယ်လို့ ပြောပါတယ်။
ဒီအကြောင်းတွေကို ဘော့က ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုတစ်ခုတင်ပြီး “ကောင်းသောနံနက်ခင်းပါ၊ ကျွန်တော့်မှာ ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်နေတယ်ဆိုတာ ဆိုရှယ်မီဒီယာကတစ်ဆင့်ပြောပါရစေ။ စနေနေ့က ကျွန်တော်ဆေးစစ်ပါတယ်။ ကျွန်တော်မှာ တာဝန်ရှိ ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ခပ်ဝေးဝေးနေပါတယ်။ လုံခြုံရေးအတွက်ပါ”လို့ ဗီဒီယိုထဲကနေ ပြောထားပါတယ်။ အူစိန်ဘော့ဟာ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ (၃) ကြိမ်စလုံး မီတာ ၁၀၀ နဲ့ ၂၀၀ မှာ ရွှေတံဆိပ် ရရှိခဲ့သူဖြစ်ပါတယ်။ လူဦးရေသုံးသန်းဝန်းကျင်သာရှိတဲ့ ဂျမေကာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀၀ ဦးခန့်ရှိနေပါတယ်။
(SO)