နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID- 19 ကာကွယ်ရေးအတွက်ပူးပေါင်းစစ်ဆေးရေး တာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဓါးခုတ်ခံရ

ရန်ကုန် ဧပြီ ၂၁ မုံရွာမြို့နယ်တွင်COVID- 19 ကာကွယ်ရေးအတွက် ပူးပေါင်းစစ်ဆေးရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ် ထိန်းရဲတပ်ကြပ်ကြီး ဓါးခုတ်ခံရကြောင်း မုံရွာမြို့နယ်နယ်မြေရဲစခန်းမှ သိရသည်။ အမှုမှာ မုံရွာမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ် (၁၁၂) မှ ရဲတပ်ကြပ်ကြီး ဝေလင်းသည် ဧပြီ ၂၀ ရက်၊ နံနက် ၁၁ နာရီခွဲ ခန့်တွင် မုံရွာမြို့ ပြည်တော်သာရပ်ကွက်၊ မုံရွာ-သာစည်ကျေးရွာသွား ကားလမ်းပေါ်ရှိ သာစည် အဝိုင်းပတ်အနီး COVID- 19 ကာကွယ်ရေးအတွက် သာစည်ရဲကင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးရဲထွဋ်၊ ကျောက်စစ်ပုံတောင်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးချစ်၊ မြင်းမီးလောင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးဖိုးပု၊ တဲကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးတင်ဆန်း၊ ချမ်းမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင် ချင်း၊ မုံရွာမြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်အတူ ပူးပေါင်းစစ်ဆေးရေး တာဝန်ဆောင်ရွက်နေစဉ် သာစည်ကျေးရွာဘက်မှ မုံရွာဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၃၉ဃ/----- နံပါတ်ပါ CZI-125 အမျိုးအစားဖြူနီရောင်ဆိုင်ကယ်အား တားဆီးစစ်ဆေးရာ ယင်းအမျိုးသားမှာ အစစ်ဆေးမခံဘဲ ဆိုင်ကယ် အားမောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ခဏအကြာ ထိုအမျိုးသားမှာ စစ်ဆေးရေးနေရာသို့ ထပ်မံရောက်ရှိလာ၍ စစ်ဆေးရေးဂိတ်ရှေ့တွင် ရပ်တန့်ကာ ယင်းလက်ထဲတွင် အသင့်ယူဆောင်လာသော ဓါးရှည်နှင့်ခုတ်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေ အောင်ကျော်မြင့် ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ တာဝန်ထမ်းဆောင်နေစဉ် လူကိုဒဏ်ရာရရှိအောင် ဓါးရှည်ဖြင့်ခုတ်သူ အောင်ကျော်မြင့်အား ဥပဒေအရ အရေးယူပေးပါရန် ရဲတပ်ကြပ်ကြီးဝေလင်းက တိုင်စာဖြင့် တရားလိုပြုလုပ်တိုင်တန်းမှုဖြစ်သည်။ "သက်သေခံဓားက ၃ ပေလောက်ရှိတဲ့ ဓါးရှည်ပါ၊ ရဲတပ်ကြပ်ကြီး ဝေလင်းက ရရှိဒဏ်ရာနဲ့ မုံရွာဆေးရုံ ပြင်ပလူနာ မစိုးရိမ်ရအခြေအနေပါ၊ တရားခံကိုလည်း ဖမ်းမိပါတယ်၊ သူကလည်း အမောဖောက်နေလို့ ဆေးရုံတင်ထားရတယ်၊ ဘာမှစစ်လို့မရသေးပါဘူး"ဟုနယ်မြေရဲစခန်းမှ ဒုရဲအုပ် နှင်းကေခိုင်က ပြောသည်။ ပြစ်မှုကျူးလွန်သူ အောင်ကျော်မြင့်အား မုံရွာမြို့နယ်၊ နယ်မြေရဲစခန်းမှ (ပ) ၁၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ရွှေမြင့်ဦး






အခြားဆက်စပ်သတင်းများ