နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားချိန်တွင် အိန္ဒိယနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည် ၆ ဦး ဂူထဲတွင် နေထိုင်ခဲ့ရ

ဧပြီ ၂၁၊ နယူးဒေလီ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်သည့် ပိတ်ဆို့မှုများ ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် ၆ ဦးမှာ ဂူတစ်ဂူထဲတွင် တစ်လနီးပါး ပုန်းအောင်းနေထိုင်ခဲ့ရသည်။ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး ပြင်သစ်၊ တူရကီ၊ ယူကရိန်း၊ အမေရိကန်နှင့် နီပေါနိုင်ငံသားများ ပါဝင်သည့် ယင်းတို့လူစုမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရှိ ရီရှီကက်ရှ်မြို့အနီးမှ ဂူတစ်လုံးထဲတွင် တစ်လနီးပါး နေခဲ့ကြသည်။ ယင်းတို့မှာ အစောပိုင်းက ဟိုတယ်တွင် တည်းခိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပိုက်ဆံပြတ်သွားခြင်း ကြောင့် မတ်လ ၂၄ ရက်ကတည်းက ဂူထဲတွင် ပုန်းအောင်းခဲ့ခြင်းဖြစ်ပြီး အစားအစာနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် ငွေကြေးခွဲတမ်းဖြင့် သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ယင်းတို့ကို တွေ့ရှိသွားခဲ့ပြီး တရားစခန်းတစ်ခုတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့သည်။ ယင်းတို့တစ်ဖွဲ့လုံး ကျန်းကျန်းမာမာရှိသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ရက်သတ္တနှစ်ပတ်ကြာ အသွားအလာ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၇၆၁၅ ဦး၊ သေဆုံးသူ ၅၅၉ ဦး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ