နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ငွေကျပ်သိန်း ၇၀ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်

ရန်ကုန်၊ ဩဂုတ် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ သမာဓိလမ်း၊ အမှတ် ၄၆(စီ)တွင် ဩဂုတ် ၂၅ ရက်၊ မွန်းလွဲ ၂  နာရီ ၅၂ မိနစ်အချိန်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း ၇၀ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ဟောင်ကောင်နှစ်ထပ်တိုက် အဆောက်အဦ (၁)လုံး၊ ပျဉ်ထောင်အိမ် (၁)လုံး၊ နှစ်ခန်းတွဲတိုက်၏ ငါးထပ်နှင့်လေးထပ် ဘယ်ဘက်ခြမ်း အနောက်ဖက်မီးဖိုဆောင်တို့ လောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၄၇) စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီး၊ လူနာတင်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၆၀ ဦး  ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၉၀ ဦးတို့ဖြင့် Level-2 အဆင့်ရှိ ယာဉ်များ ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ အိမ်ရှင်အား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် နိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ