နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနိုင်ငံတွင် အရေးပေါ်အစိုးရဖွဲ့စည်းဖို့ ဝန်ကြီးချုပ်နှင့် အတိုက်အခံခေါင်းဆောင် သဘောတူ

ဧပြီ ၂၁၊ ဂျေရုစလင် အမျိုးသားအရေးပေါ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အတိုက်အခံ ပါတီခေါင်းဆောင် ဘင်နီဂန့်ဇ်တို့ သဘောတူညီမှုရရှိခဲ့ကြောင်း ပါတီနှစ်ခုက ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့သည်။ အဆိုပါ ကြေညာချက်ကြောင့် တစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲ ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ရသည့် အစ္စရေးနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်နိုင်ဖွယ် ရှိနေသည်။ Blue and White ပါတီခေါင်းဆောင် ဘင်နီဂန့်ဇ်က အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ခံထားရသည့် ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အစိုးရဖွဲ့မည်မဟုတ်ဆိုသည့် ကတိပြုချက်ဖြင့် ရွေးကောက်ပွဲ ၃ ကြိမ်လုံးတွင် မဲဆွယ်ခဲ့သူဖြစ်သည်။ အစိုးရဖွဲ့စည်းရေး သဘောတူညီမှုသစ်အရ နေတန်ယာဟုက နောက်ထပ် ၁၈ လ အထိ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမည်ဖြစ်ပြီး အဆိုပါကာလကျော်လွန်သွားပါက ဘင်နီဂန့်ဇ်ကို နေရာဖယ်ပေးမည် ဖြစ်သည်။ နေတန်ယာဟုက ယင်း၏ ဝန်ကြီးချုပ်သက်တမ်းမပြည့်မီ ရာထူးမှ နုတ်ထွက်ပါက ဘင်နီဂန့်ဇ်က အသွင်ကူးပြောင်းရေးအစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူရမည်ဖြစ်သည်။ အစိုးရသစ်ဖွဲ့စည်းရေး သဘော တူညီခဲ့သည့် ကြေညာချက်တွင် နွေရာသီကာလအတွင်း အနောက်ကမ်းပါး တစ်စိတ်တစ်ပိုင်းကို အစ္စရေး ပိုင်နက်အဖြစ် အချုပ်အခြာအာဏာ လွှမ်းမိုးအောင် ဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ