နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာလူးနှင့်ကြက်သွန်ဖြူများကိုဈေးနှုန်းချိုသာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးနေ

ဘားအံ ဩဂုတ် ၂၆


ကရင်ပြည်နယ်တွင် ရှမ်းပြည်နယ်ဒေသထွက်အာလူးနှင့် ကြက်သွန်ဖြူများကို ဈေးနှုန်းချိုသာစွာဖြင့်  ဖြန့် ဖြူးရောင်းချဆောင်ရွက်ပေးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၏ ဩဂုတ်လ (၂၅)ရက် ထုတ်ပြန်သတင်းများအရ သိရသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနလက်  အောက် ရှိ သမဝါယမဦးစီးဌာနအနေဖြင့် ဒေသတွင်းစားသုံးမှုဖူလုံစေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စွာလည်ပတ်နိုင် စေရန်အတွက် သမဝါယမကဏ္ဍက အထောက်အကူပြုဆောင်ရွက်မှုအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခု မှထွက်ရှိနေသည့် ထွက်ကုန်ပစ္စည်းများကိုအခြားသော တိုင်းဒေသကြီးများတွင် ဈေးနှုန်းချိုသာစွာဖြင့်ပြန် လည် ဖြန့်ဖြူးရောင်းချပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ဆောင်ရွက်ပေးနေမှုများအရ ရှမ်းပြည်နယ်အရှေ့ပိုင်း/ တောင်ပိုင်းအောင်ပန်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်ဒေသများမှ ဒေသထွက်အာလူးနှင့်ကြက်သွန်ဖြူများကို ကရင်ပြည်နယ်သမဝါယမအသင်းစု ချုပ်က သွားရောက်ဝယ်ယူ၍ သြဂုတ် ၂၃ ရက်တွင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်၊  ကြာအင်းဆိပ်ကြီး၊  သံတောင်ကြီးနှင့်  ဖာပွန်မြို့နယ်များမှဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသား/သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့်ပြန်လည် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။


ထိုသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် ဒေသပေါက်ဈေးထက်ပိုမိုချိုသာသည့် ဈေးနှုန်း များဖြင့်ပြန်လည်ရောင်းချပေးခဲ့ခြင်းဖြစ်သဖြင့် အာလူးတစ်ပိဿာလျှင် ငွေကျပ် (၉၀ဝ) နှုန်း၊ ကြက်သွန်ဖြူ တစ်ပိသာလျှင်ငွေကျပ် (၁၆၅၀) နှုန်းဖြင့်ပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ရာ အာလူးပိဿာချိန် (၁၉၀ဝ)ပိသာ နှင့် ကြက်သွန်ဖြူ ပိဿာချိန် (၁၉၀ဝ)ပိသာရောင်းချပေးခဲ့ကြောင်းသိရသည်။



 ကိုသာစစ်






အခြားဆက်စပ်သတင်းများ