နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ဂျုံအန်၏ ကျန်းမာရေး စိုးရိမ်ရသည်ဆိုသော သတင်းများကို တောင်ကိုရီးယား ငြင်းဆန်

ဧပြီ ၂၁၊ ဆိုးလ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်ဆိုသော သတင်းများကို တောင်ကိုရီးယားနိုင်ငံက ငြင်းဆန်ခဲ့သည်။ ကင်ဂျုံအန်မှာ ခွဲစိတ်မှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်ဟု အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေးသတင်းများ ထွက်ပေါ်လာခဲ့သည်။ ကင်ဂျုံအန်သည် ဧပြီလ ၁၅ ရက်မှာ ကျရောက်သည့် အဘိုးဖြစ်သူ ကင်အီဆွန်း၏ မွေးနေ့အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့ခြင်းမရှိ၍ ယင်း၏ကျန်းမာရေးနှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ကင်ဂျုံအန်ကို အဘိုးဖြစ်သူ မွေးနေ့ပွဲမတိုင်မီ လေးရက် အလိုဖြစ်သည့် ဧပြီလ ၁၁ ရက်က အစိုးရဝန်ကြီးများနှင့် အစည်းအဝေးပွဲတွင် နောက်ဆုံးအကြိမ် တွေ့မြင် ခဲ့ရခြင်းဖြစ်သည်။ ကင်ဂျုံအန်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်ဆိုသော သတင်းများမှာ ခိုင်လုံသော်လည်း အခြေအနေ အတိအကျကို သိနိုင်ရန် ခက်ခဲကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသည်။ ကင်ဂျုံအန်သည် ဧပြီလ ၁၂ ရက်က နှလုံးသွေးကြောစနစ် ခွဲစိတ်မှုခံယူခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံအခြေစိုက် Daily NK အွန်လိုင်းသတင်းစာတွင် ဖော်ပြသည်။ ကင်ဂျုံအန်မှာ ဆေးလိပ် အလွန်သောက်ခြင်း၊ အဝလွန်ခြင်း၊ အလုပ်ဝန်ပိခြင်း စသည့်အချက်များကြောင့် နှလုံးသွေးကြောစနစ် ခွဲစိတ်မှု ခံယူခဲ့ရခြင်းဟု ဆိုသည်။ ကင်ဂျုံအန်မှာ ခွဲစိတ်မှုခံယူပြီးနောက် ဟန်ဆန်ကောင်တီစံအိမ်တွင် ကုသမှုခံယူခဲ့သည်ဟု ဆိုသည်။ ကင်ဂျုံအန်၏ ကျန်းမာရေးအခြေအနေ တိုးတက်လာကြောင်း တွေ့ရပြီးနောက် ယင်းကို ကုသပေးနေသည့် ဆေးအဖွဲ့ဝင်အများစုက ဧပြီလ ၁၉ ရက်တွင် ပြုံယမ်းမြို့သို့ ပြန်သွားပြီး ဆေးအဖွဲ့ဝင်အချို့သာ ကျန်ရစ်ခဲ့ သည်ဟုလည်း သတင်းထွက်နေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ