နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်တွင် သစ်တောသစ်ပင်များ ပြန်လည်ဖြစ်ထွန်းလာစေရေး ဝေဟင်မှ မီးပုံးပျံ၊ ပါရာမိုတာဖြင့် သစ်စေ့များကြဲချစိုက်ပျိုး

ပြင်ဦးလွင်  ဩဂုတ်  ၂၆


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့်နေရာများနှင့် တောင်များပေါ်သို့ သစ်တောသစ်ပင်များ ပြန်လည်ဖြစ်ထွန်းလာစေရေးရည်ရွယ်ကာ ပြင်ဦးလွင်သစ်ပင်ချစ်သူ များ အဖွဲ့ကဦးဆောင်၍ မီးပုံးပျံ၊ ပါရာမိုတာဖြင့် သစ်စေ့များကြဲချခြင်းကို သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြသည်။ ပြင်ဦးလွင် သစ်ပင်ချစ်သူများအဖွဲ့သည် ယခင်က ကန်တော်ကြီးဝန်ကျင်၊ မြို့ပတ်လမ်း၊ မိုးကုတ်- ပြင်ဦးလွင် လမ်းနေရာများတွင် သစ်စေ့ချ၍ သမရိုးကျစိုက်ပျိုးခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ် မိုးရာသီသစ်စေ့ချစိုက်ပျိုး         နိုင်ရန် ဇွန်လမှစတင်၍ သစ်စေ့များစုဆောင်းခဲ့ကြသည်။ သြဂုတ်၂၅ ရက်တွင် ၁၉ မိုင်ပေပင်ကျေးရွာတွင် မီးပုံးပျံများဖြင့် မန်ကျည်း၊ စိန်ပန်း၊ တမာ၊ ထနောင်း၊ ကုက္ကို၊ စွယ်တော်၊ ကံ့ကော်၊ ငု၊ ပိန္နဲ၊ ခရေ၊သပြေဘူတ၊ ဂျပန်ပိတောက်၊ ပျဉ်းတော်သိမ်စသည့်သစ်စေ့နှစ်သိန်းကျော်ကို ကြဲချပေးနိုင်ခဲ့သည်။ စက်တင်ဘာ၂၇ ရက်တွင် ဟိုလိပ်ကျေးရွာအုပ်စုတို့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖြင့်ပူးပေါင်း၍ မီးပုံးပျံဖြင့် သစ်စေ့ကြဲ ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ