နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၆


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၅ ရက်၊ နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် တာမွေကြီး(က+ဂ) ရပ်ကွက်၊ ကျိုက္ကဆံလမ်းပေါ်၌ ကောင်းထက် ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ၀၈၀၀ အချိန်တွင် (၅၆)ရပ်ကွက်၊ ဆုပြည့်ရတနာလမ်းမပေါ်၌ ထွန်းထွန်းအောင် ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီခွဲအချိန်တွင် (ဌ)ရပ်ကွက်၊ သစ္စာပန်း လမ်းမပေါ်၌ ဟိန်းကိုကိုထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက်ရုံးရှေ့၌ ရန်နိုင်လင်းထံမှ အရိုးအသွား(၁၁)လက်မခွဲခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၃၃၀ အချိန်တွင် လိပ္ပတ်ကျေးရွာ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားလမ်းမပေါ်၌ ထက်ဝေယံထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီအချိန်တွင် (၁၃၀)ရပ်ကွက်၊ ရေသန့် လမ်းမပေါ်၌ ရဲဇော် ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် အောင်ဖြိုးဝေထံမှ အရိုးအသွား (၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် ရန်ကုန်-ပဲခူးလမ်းမပေါ်၌ ဇော်မင်းထွေးထံမှ အရိုးအသွား(၁၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ