နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 တိုက်ဖျက်ဖို့ အမေရိကန်နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှုအားလုံးကို ယာယီရပ်ဆိုင်း

ဧပြီ ၂၁၊ ဝါရှင်တန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရန်အတွက် အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှုအားလုံးကို ယာယီရပ်ဆိုင်းကြောင်း သမ္မတညွှန်ကြားချက်အမိန့်ကို လက်မှတ်ရေးထိုးသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ ''မမြင်ရတဲ့ရန်သူရဲ့ တိုက်ခိုက်မှုကြုံနေတယ်။ ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ကာကွယ်ပေးဖို့လည်း လိုအပ်တယ်''ဟု ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှုအားလုံးကို ယာယီရပ်ဆိုင်းမည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို လက်ရှိအချိန်အထိ မသိရသေးပေ။ ကပ်ရောဂါ၏ အဆိုးရွားဆုံးအခြေအနေ ကျော်လွန် သွားပြီဖြစ်၍ အမေရိကန်နိုင်ငံကို တစ်ကျော့ပြန်ဖွင့်လှစ်နိုင်ပြီဟု အိမ်ဖြူတော်က ကြေညာခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှုများ ယာယီရပ်ဆိုင်းမည်ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့ခြင်းဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ