နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့နယ် City Express Store ဆိုင်ရှေ့ရှိ ATM စက်နှင့် ABC Store ဆိုင်တို့မှ ငွေများခိုးယူရန် ကြိုးစားသူ ၂ ဦး ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၂၆


   အမှုမှာ ဩဂုတ် ၂၁ ရက်၊ နံနက် ၁ နာရီအချိန် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ City Express Store ဆိုင်ရှေ့မှ ATM စက်အား ဖျက်ဆီးထားကြောင်း ကြားသိရသဖြင့် ဧရာဝတီဘဏ်ရုံးချုပ်မှ ဒုအထွေထွေမန်နေဂျာ တရားလို ဦး----က သွားရောက်စစ်ဆေးခဲ့ရာ  အမည်မသိအမျိုးသား ၂ ဦးက ငွေများ ခိုးယူရန်အကြံဖြင့် ဖျက်ဆီးထားကြောင်း၊ ATM စက်မှာ ပျက်စီးနေပြီး စက်အတွင်းရှိ ငွေကြေးများပျောက်ဆုံးမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း ငွေများခိုးယူရန်အကြံဖြင့် ATM စက်အား ဖျက်ဆီးသွားသူကို ဥပဒေအရအရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၁၆၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၁၁/၄၂၇ဖြင့် လည်းကောင်း၊ အလားတူ ယောမင်းကြီးလမ်းရှိ ABC Store ဆိုင် ငွေရှင်းကောင်တာ အံဆွဲ အတွင်းမှ ငွေကျပ်(၄)သိန်းကျော် ပျောက်ဆုံးခိုးယူခံရသဖြင့် တရားလို ဦး-----က တရားခံအား စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ ရဲစခန်း(ပ)၁၆၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူမှု ဖြစ်ပါသည်။

 အမှုမှ တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များပူးပေါင်း၍ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများ စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ရှိုင်းအောင်(ခ)သီဟ နှင့် သန်းဇော်မိုး တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် သံလျင်မြို့နယ်ရှိ Star City အိမ်ယာ၊ တိုက်အမှတ်(၁)၌ ဆေးသုတ်နေစဉ် ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းတို့ ၂ ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ